top of page

ဓာရဏပရိတ် ပါဠိ အဖွင့် အာဝေဏိက ဂုဏ်တော်

ဓာရဏပရိတ်တော်



ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓဘုရားရှင်၏ အာဝေဏိက ဂုဏ်တော် (၁၈) ပါးကို ဖော်ကျူး ပူဇော်ထားခြင်းဖြစ်သည်။ ဤဂုဏ်တော်များသည် မြတ်စွာဘုရား၏ သီးခြားကိုယ်ပိုင် ဂုဏ်တော်များဖြစ်သည်။ ဓာရဏပရိတ်တော်ကို ရွတ်ဖတ် ပူဇော်သူတို့မှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်နိုင်သည်။ သတ္တဝါတိုင်း လူတိုင်းပင် တစ်နေ့နေ့မှာ သေရမည်မှာ ဓမ္မတာဖြစ်သည်။ သို့သော် အကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒကကံ ကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုလိုသည်။



ဓာရဏပရိတ် ပါဠိ



နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။



1. ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊


2. ဗုဒ္ဓါနံ သဗ္ဗညုတဉာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊


3. ဗုဒ္ဓါနံ အဘိဟဋာနံ စတုနံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊


4. ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊ ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊ တထာ မေ ဟောတု။



5. အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ ။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ



6. ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ ။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ



7. ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ ၊ နတ္ထိ ဓမ္မဒသေနာယ ဟာနိ ၊ နတ္ထိ ဝီရိယဿ ဟာနိ ၊ နတ္ထိ ဝိပဿနာယ ဟာနိ ၊ နတ္ထိ သမာဓိဿ ဟာနိ ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ ။ ဣမဟေိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ



8. ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ ၊ နတ္ထိ ရဝါ ၊ နတ္ထိ အပ္ဖုဋံ ၊ နတ္ထိ ဝဂေါယိတတ္တံ ၊ နတ္ထိ အဗြာဝဋမနော ၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ ။ ဣမဟေိ အဋ္ဌာရသဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော ၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ ။



9. နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ ၊ ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘိတာနံ အဂ္ဂံ မဟာတေဇံ ။



10. ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ဝါရေဟိ ပရိပုစ္ဆာဟိ ။ တဿ ကာယေ ဝိသံ န ကမေယျ ၊ ဥဒကေ န လဂ္ဂေယျ ၊ အဂ္ဂိ န ဍဟေယျ ၊ နာနာဘယဝိကော ၊ န ဧကာဟာရကော ၊ န ဒွိဟာရကော ၊ န တိဟာရကော ၊ န စတုဟာရကော ၊ န ဥမ္မတ္တကံ၊ န မူဠကံ ၊ မနုဿေဟိ အမနုဿေဟိ န ဟိံသကာ ။



11. တံ ဓာရဏပရိတ္တံ ယထာ ကတမေ ၊ ဇာလော မဟာဇာလော ၊ ဇာလိတ္တေ မဟာဇာလိတ္တေ ၊ ပုဂ္ဂေ မဟာပုဂ္ဂေ ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ ၊ ဘူတင်္ဂမှိ တမင်္ဂလံ ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ ၊ ဝတ္တေ အဝတ္တေ ၊ ဂန္ဓဝေ အဂန္ဓဝေ ၊ နောမေ အနောမေ ၊ သေဝေ အသေဝေ ၊ ကာယေ အကာယေ ၊ ဓာရဏေ အဓာရဏေ ၊ ဣလ္လိ မိလ္လိ ၊ တိလ္လိ မိလ္လိ ၊ ယောရုက္ခေ မဟာယောရုက္ခေ ၊ ဘူတင်္ဂမှိ တမင်္ဂလံ ။



12. ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။



ဓာရဏပရိတ် ပါဠိတော် အဖွင့်



1. ဗုဒ္ဓါနံ ၊ မြတ်စွာဘုရားတို့၏ ။ ဇီဝိတဿ ၊ အသက်၏ ။ အန္တရာယော ၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစ်စုံတယောက်သော သူသည် ။ ကာတုံ ၊ ပြုခြင်းငှာ ။ န သက္ကာ ၊ မတတ်နိုင် ။ တထာ ၊ ထို့အတူ ။ မေ ၊ ငါ့အား ။ ဟောတု ၊ ဖြစ်ပါစေသတည်း။


2. ဗုဒ္ဓါနံ ၊ မြတ်စွာဘုရားတို့၏ ။ သဗ္ဗညုတညာဏဿ ၊ သဗ္ဗညုတဉာဏ်တော်ကို ။ ကေနစိ ၊ တစ်စုံတစ်ယောက်သော သူသည် ။ အန္တရာယော ၊ ဘေးအန္တရာယ်ကို ။ ကာတုံ ၊ ပြုခြင်းငှာ ။ န သက္ကာ ၊ မတတ်နိုင် ။ တထာ ၊ ထို့အတူ ။ မေ ၊ ငါ့အား ။ ဟောတု ၊ ဖြစ်ပါစေသတည်း ။


3. ဗုဒ္ဓါနံ ၊ မြတ်စွာဘုရားတို့၏ ။ အဘိဟဋာနံ ၊ ရှေ့ရှုဆောင်အပ်ကုန်သော ။ စတုန္နံ ပစ္စယာနံ ၊ ပစ္စည်းလေးပါးတို့ကို ။ ကေနစိ ၊ တစ်စုံတယောက်သောသူသည် ။ အန္တရာယော ၊ ဘေးအန္တရာယ်ကို ။ ကာတုံ ၊ ပြုခြင်းငှာ ။ န သက္ကာ ၊ မတတ်နိုင် ။ တထာ ၊ ထို့အတူ ။ မေ ၊ ငါ့အား ။ ဟောတု ၊ ဖြစ်ပါစေသတည်း ။


4. ဗုဒ္ဓါနံ ၊ မြတ်စွာဘုရားတို့၏ ။ အသီတိယာနုဗျဉ္ဇနာနံ ဝါ ၊ ရှစ်ဆယ်သော လက္ခဏာတော်တို့၏ လည်းကောင်း ။ ဗျာမပ္ပဘာယ ဝါ ၊ တစ်လံမျှသော ရောင်ခြည်တော်ကို လည်းကောင်း ။ ကေနစိ ၊ တစ်စုံတယောက်သောသူသည် ။ အန္တရာယော ၊ ဘေးအန္တရာယ်ကို ။ ကာတုံ ၊ ပြုခြင်းငှာ ။ န သက္ကာ ၊ မတတ်နိုင် ။ တထာ ၊ ထို့အတူ ။ မေ ၊ ငါ့အား ။ ဟောတု ၊ ဖြစ်ပါစေသတည်း ။ ဣမေသံ စတုန္နံ ၊ ဤလေးပါးတို့၏ ။ အန္တရာယော ၊ အန္တရာယ်ကို ။ ကေနစိ ၊ တစ်စုံတယောက်သော သူသည်။ ကာတုံ ၊ ပြုခြင်းငှါ ။ န သက္ကာ ၊ မတတ်နိုင် ။ တထာ ၊ ထို့အတူ ။ မေ ၊ ငါ့အား။ ဟောတု ၊ ဖြစ်ပါစေသတည်း ။



5. ဘဂဝတော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားအား ။ အတီတံသေ ၊ လွန်လေပြီးသောအဖို့၌ ။ အပ္ပဋိဟတံ ဉာဏံ ၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည် ။ ဟောတိ ၊ ဖြစ်၏။ ဘဂဝတော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည်စုံတော်မူသော ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားအား ။ အနာဂတံသေ ၊ နောင်လာလတ္တံ့သော အနာဂတ် အဖို့၌။ အပ္ပဋိဟတံ ဉာဏံ ၊ အဆီးအတား အပိတ်အပင် မရှိသော ဉာဏ်တော်သည်။ ဟောတိ ၊ ဖြစ်၏ ။ ဘဂဝတော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားအား ။ ပစ္စုပ္ပန္နံသေ ၊ ပစ္စုပ္ပန်မျက်မှောက်ဖြစ်သော အဖို့၌ ။ အပ္ပဋိဟတံ ဉာဏံ ၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည် ။ ဟောတိ ၊ ဖြစ်၏ ။ တီဟိ ၊ သုံးပါးကုန်သော။ ဣမေဟိ ဓမ္မေဟိ ၊ ဤကျေးဇူး တရားတော် တို့နှင့်။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။



6. ဘဂဝတော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားသည် ။ သဗ္ဗံ ၊ အလုံးစုံသော ။ ကာယကမ္မံ ၊ ကိုယ်ဖြင့်ပြုအပ်သော အမှုသည် ။ ဉာဏပုဗ္ဗင်္ဂမံ ၊ ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ။ ဉာဏာနုပရိဝတ္တံ ၊ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ။ ဟောတိ ၊ ဖြစ်၏ ။ သဗ္ဗံ ၊ အလုံးစုံသော။ ဝစီကမ္မံ ၊ နှုတ်ဖြင့်ပြီးသောအမှုသည် ။ ဉာဏပုဗ္ဗင်္ဂမံ ၊ ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ။ ဉာဏာနုပရိဝတ္တံ ၊ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ။ ဟောတိ ၊ ဖြစ်၏ ။ သဗ္ဗံ ၊ အလုံးစုံသော ။ မနောကမ္မံ ၊ နှလုံးဖြင့်ပြီးသော အမှုသည် ။ ဉာဏပုဗ္ဗင်္ဂမံ ၊ ဉာဏ်တော် ပြဋ္ဌာန်းခြင်း ရှိသည်။ ဉာဏာနုပရိဝတ္တံ ၊ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ။ ဟောတိ ၊ ဖြစ်၏ ။ ဆဟိ ၊ ခြောက်ပါးကုန်သော ။ ဣမေဟိ ဓမ္မေဟိ ၊ ဤကျေးဇူး တရားတော် တို့နှင့် ။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။



7. ဘဂဝတော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားသည် ။ ဆန္ဒဿ ၊ သတ္တဝါတို့၏ အကျိုးစီးပွားကို ပြုလိုသော ဆန္ဒတော်၏ ။ ဟာနိ ၊ ဆုတ်ယုတ်ခြင်းသည် ။ နတ္ထိ ၊ မရှိ ။ ဓမ္မဒေသနာယ ၊ တရားတော်ဟောပြောခြင်း၏ ။ ဟာနိ ၊ ဆုတ်ယုတ်ခြင်းသည် ။ နတ္ထိ ၊ မရှိ။ ဝီရိယဿ ၊ သူတပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း၌ လုံ့လဝီရိယတော်၏ ။ ဟာနိ ၊ ဆုတ်ယုတ်ခြင်းသည် ။ နတ္ထိ ၊ မရှိ ။ ဝိပဿနာယ ၊ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာရေးသုံးပါးဖြင့် ရှုမှု “ဝိပဿနာ” ဉာဏ်တော်၏ ။ ဟာနိ ၊ ဆုတ်ယုတ်ခြင်းသည် ။ နတ္ထိ ၊ မရှိ ။ သမာဓိဿ ၊ စိတ်တည်ကြည်မှု “သမာဓိ” တော်၏။ ဟာနိ ၊ ဆုတ်ယုတ်ခြင်းသည် ။ နတ္ထိ ၊ မရှိ ။ ဝိမုတ္တိယာ ၊ အရဟတ္တဖိုလ်ကို ဝင်စားတော်မူခြင်း၏ ။ ဟာနိ ၊ ဆုတ်ယုတ်ခြင်းသည် ။ နတ္ထိ ၊ မရှိ ။ ဒွါဒသဟိ ၊ တစ်ဆယ့်နှစ်ပါးကုန်သော ။ ဣမေဟိ ဓမ္မေဟိ ၊ ဤကျေးဇူး တရားတော် တို့နှင့်။ သမန္နဂတဿ ၊ ပြည့်စုံတော်မူသော ။



8. ဘဂဝတော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားသည် ။ ဒဝါ ၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည် ။ နတ္ထိ ၊ မရှိ ။ ရဝါ ၊ သတိလွတ်၍ ချွတ်ယွင်းပြုမူ ပြောဆိုခြင်းသည် ။ နတ္ထိ ၊ မရှိ ။ အဖုဋံ ၊ ဉာဏ်တော်ဖြင့် မတွေ့မထိ မသိအပ်သော တရားသည် ။ နတ္ထိ ၊ မရှိ ။ ဝေဂါယိတတ္တံ ၊ ဉာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသောအမှုသည် ။ နတ္ထိ ၊ မရှိ ။ အဗျာဝဋမနော ၊ သူတပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည် ။ နတ္ထိ ၊ မရှိ။ အပ္ပဋိသင်္ခါနုပေက္ခာ ၊ ဉာဏ်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည် ။ နတ္ထိ ၊ မရှိ ။ အဋ္ဌာရသဟိ ၊ တစ်ဆယ့်ရှစ်ပါးကုန်သော ။ ဣမေဟိ ဓမ္မေဟိ ၊ ဤကျေးဇူး တရားတော်တို့နှင့် ။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားအား ။ နမော ၊ ရှိခိုးပါ၏ ။ သတ္တန္နံ ၊ ခုနစ်ဆူကုန်သော ။ သမ္မာသမ္ဗုဒ္ဓါနံ ၊ ဝပဿီ, သိခီ, ဝေဿဘူ, ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမ တည်းဟူသော မြတ်စွာဘုရားရှင်တို့အား ။ နမော ၊ ရှိခိုးပါ၏ ။



9. တထာဂတဿ ၊ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်း ကောင်းတော်မူသော မြတ်စွာဘုရားသည် ။ ကာယဒုစ္စရိတံ ၊ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု “ကာယဒုစရိုက်” သည် ။ နတ္ထိ ၊ မရှိ ။ တထာဂတဿ ၊ မြတ်စွာဘုရားသည်။ ဝစီဒုစ္စရိတံ ၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု “ဝစီဒုစရိုက်” သည် ။ နတ္ထိ ၊ မရှိ ။ တထာဂတဿ ၊ မြတ်စွာဘုရားသည် ။ မနောဒုစ္စရိတံ ၊ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု “မနောဒုစရိုက်” သည် ။ နတ္ထိ ၊ မရှိ ။ အတီတံသေ ၊ လွန်လေပြီးသော အဖို့ကာလ၌ ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားအား ။ ပဋိဟတံ ဉာဏံ ၊ ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည် ။ နတ္ထိ ၊ မရှိ ။ အနာဂတံသေ ၊ နောင်လာလတ္တံသော အဖို့ကာလ၌ ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားအား ။ ပဋိဟတံ ဉာဏံ ၊ ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည် ။ နတ္ထိ ၊ မရှိ ။ ပစ္စုပ္ပန္နံသေ ၊ မျက်မှောက်သော အဖို့ကာလ၌ ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားအား ။ ပဋိဟတံ ဉာဏံ ၊ ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည် ။ နတ္ထိ ၊ မရှိ ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားသည် ။ သဗ္ဗံ ၊ အလုံးစုံသော ။ ကာယကမ္မံ ၊ ကိုယ်ဖြင့် ပြုအပ်သော အမှုသည် ။ ဉာဏာပုဗ္ဗင်္ဂမံ ၊ ဉာဏ်တော်လျှင် ရှေ့မသွားခြင်းသည် ။ နတ္ထိ ၊ မရှိ။ ဉာဏံ ၊ ဉာဏ်တော်သို့ ။ နာနုပရိဝတ္တံ ၊ အစဉ်မလိုက်ခြင်းသည် ။ နတ္ထိ ၊ မရှိ ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားသည် ။ သဗ္ဗံ ၊ အလုံးစုံသော ။ ဝစီကမ္မံ ၊ နှုတ်ဖြင့်ပြုအပ်သော အမှုသည်။ ဉာဏာပုဗ္ဗင်္ဂမံ ၊ ဉာဏ်တော်လျှင် ရှေ့သွား မရှိခြင်းသည် ။ နတ္ထိ ၊ မရှိ။ ဉာဏံ ၊ ဉာဏ်တော်သို့ ။ နာနုပရိဝတ္တံ ၊ အစဉ်မလိုက်ခြင်းသည် ။ နတ္ထိ ၊ မရှိ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရားသည် ။ သဗ္ဗံ ၊ အလုံးစုံသော ။ မနောကမ္မံ ၊ စိတ်ဖြင့် ပြုအပ်သော အမှုသည် ။ ဉာဏာပုဗ္ဗင်္ဂမံ ၊ ဉာဏ်တော်လျှင် ရှေ့သွား မရှိခြင်းသည်။ နတ္ထိ ၊ မရှိ ။ ဉာဏံ ၊ ဉာဏ်တော်သို့ ။ နာနုပရိဝတ္တံ ၊ အစဉ်မလိုက်ခြင်းသည် ။ နတ္ထိ ၊ မရှိ ။ ဣမံ ဓာရဏံ ၊ ဤအဆောင်သည် ။ ဝါ ၊ ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် ။ အမိတံ ၊ မနှိုင်းယှဉ်အပ်။ အသမံ ၊ တူမျှခြင်းလည်းမရှိ ။ သဗ္ဗသတ္တာနံ ၊ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ ။ တာဏံ ၊ ခိုမှီကိုးကွယ်ရာလည်းဖြစ်၏ ။ လေဏံ ၊ ပုန်းအောင် လဲလျောင်းရာလည်း ဖြစ်၏။ သံသာရဘယဘီတာနံ ၊ သံသရာဘေးကို ကြောက်ရွံ့သော သူတို့၏ ။ အဂ္ဂံ ၊ အလွန်မြတ်သော ။ ပရိတ္တံ ၊ အရံအတားဖြစ်၏ ။ မဟာတေဇံ ၊ ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော ။ ပရိတ္တံ ၊ အရံအတားဖြစ်၏ ။



10. အာနန္ဒ ၊ ချစ်သားအနန္ဒာ ။ ဣမံ ဓာရဏပရိတ္တံ ၊ ဤတန်ခိုးတေဇော် အာနုဘော် ကြီးမြတ်သော ဓာရဏပရိတ်တော်ကို ။ ဓာရေဟိ ၊ ရွတ်ဆောင်ပါလော့ ။ ဝါရေဟိ ၊ မှတ်သားပါလော့ ။ ပရိပုစ္ဆာဟိ ၊ မေးမြန်း စူးစမ်း ဆင်ခြင်ပါလော့ ။ တဿ ၊ ထိုသို့ ရွတ်ဆို မှတ်သား မေးမြန်း စူးစမ်း ဆင်ခြင်သောသူ၏ ။ ကာယေ ၊ ကိုယ်၌ ။ ဝိသံ ၊ မြွေနဂါးစသည်တို့၏ အဆိပ်သည် ။ န ကမေယျ ၊ မကျရောက်ရာ ။ ဥဒကေ ၊ ရေ၌ ။ န လဂ္ဂေယျ ၊ မငြိတွယ် မနစ်မွန်းရာ ။ အဂ္ဂိ ၊ မီးသည် ။ န ဍဟေယျ ၊ မလောင်ကျွမ်းရာ။ နာနာဘယဝိကော ၊ အထူးထူး အပြားပြား များပြားစွာသော ဘေးရန်တို့သည် မထိရောက်နိုင်ရာ ။ န ဧကာဟာရကော ၊ တစုံတစ်ယောက်မျှ - တစ်ရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ ။ န ဒွိဟာရကော ၊ နှစ်ရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ ။ န တိဟာရကော ၊ သုံးရက် မကောင်းကြံသူသည်လည်း မကြံနိုင်ရာ ။ န စတုဟာရကော ၊ လေးရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ ။ န ဥမ္မတ္တကံ ၊ ရူးသွပ် ပျံ့လွင့်သော အနာသည်လည်း မဖြစ်နိုင်ရာ ။ န မူဠကံ ၊ တွေဝေမိုက် မဲသော အနာသည်လည်း မဖြစ်နိုင်ရာ ။ မနုဿေဟိ ၊ လူတို့သည်လည်းကောင်း ။ အမနုဿေဟိ ၊ ဘီလူးတို့သည် လည်းကောင်း ။ န ဟိံသကာ ၊ မညှဉ်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ ။



11. တံ ဓာရဏပရိတ္တံ ၊ ထိုဓာရဏပရိတ်တော်သည် ။ ယထာ ကတေမေ ၊ အ


ဘယတို့နည်း ဟူမူကား ။ ဇာလော ၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးအန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်း ပယ်ပျောက်စေနိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ မဟာဇာလော ၊ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ် ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော်ရှိ၏ ။ ဇာလိတ္တေ ၊ မင်း, သူခိုး, မချစ်မနှစ်သက်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှား တားမြစ်နိုင်၏ ။ မဟာဇာလိတ္တေ ၊ ရောဂန္တရကပ်, သတ္ထန္တရကပ်, ဒုဗ္ဘိက္ခန္တရကပ်ဟု ဆိုအပ်သော ကပ်သုံးပါးတို့မှ ကင်းလွတ်စေနိုင်၏ ။ ပုဂ္ဂေ ၊ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း အ-ခြင်း, ဆွံခြင်း, နားပင်းခြင်း, ရူးသွပ် ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်၏ ။ မဟာပုဂ္ဂေ ၊ သစ်ပင်, တောင်, ကမ်း, ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ ။ သမ္ပတ္တေ ၊ မရသေးသော စည်းစိမ်ချမ်းသာ ရတနာအပေါင်းကိုလည်း ရစေနိုင်၏ ။ မဟာသမ္ပတ္တေ ၊ ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာ အပေါင်းကိုလည်း ကြီးကျယ်ပြန့်ပွား များစေ၏။ ဘူတင်္ဂမှိ ၊ ဟုတ်မှန်သောအားဖြင့် ။ တမင်္ဂလံ ၊ အမိုက်ပျောက်၍ အလင်းရောက်စေနိုင်၏ ။



12. အာနန္ဒ ၊ ချစ်သားအာနန္ဒာ ။ ခေါ ပန ၊ စင်စစ်မူကား ။ ဣမံ ဓာရဏပရိတ္တံ ၊ ဤဓာရဏပရိတ်တော်ကို ။ သတ္တသတ္တတိသမ္မာသမ္ဗုဒ္ဓကောဋီဟိ ၊ ခုနစ်ဆယ့်ခုနစ် ကုဋေကုန်သော ဘုရားရှင်တို့သည် ။ ဘာသိတံ ၊ ကောင်းစွာ ဟောတော်မူအပ်ပြီ။ ဝတ္တေ ၊ ကောင်းသော အကျိုးနှင့်ယှဉ်၏ ။ အဝတ္တေ ၊ မကောင်းသော အကျိုးနှင့် မယှဉ် ။ ဂန္ဓဝေ ၊ ကောင်းသော တရားအရသာ အနံ့မျိုးကို ဆောင်၏ ။ အဂန္ဓဝေ ၊ မကောင်းသော တရားအရသာ အနံ့မျိုးကို မဆောင် ။ နောမေ ၊ ကောင်းသော စိတ်နှလုံးကို ဆောင်၏ ။ အနောမေ ၊ မကောင်းသော စိတ်နှလုံးကို မဆောင် ။ သေဝေ ၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည် ဖြစ်၏။ အသေဝ ၊ သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖော် မယှဉ်တွဲ မမှီဝဲရသည် ဖြစ်၏ ။ ကာယေ ၊ ကောင်းသောကိုယ်ကို ဖြစ်စေ၏ ။ အကာယေ ၊ မကောင်းသော ကိုယ်ကို မဖြစ်စေရာ ။ ဓာရဏေ ၊ ကောင်းသော ကုသိုလ်အမှုကို ပြုဆောင်ရ၏။ အဓာရဏေ ၊ မကောင်းသော အကုသိုလ်အမှုကို မပြုမဆောင်ရ။ ဣလ္လိ ၊ ကောင်းသောအိပ်မက်ကို မြင်မက်ရ၏ ။ မိလ္လိ ၊ မကောင်းသော အိပ်မက်ကို မမြင်မက်ရ ။ တိလ္လိ ၊ ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏ ။ မိလ္လိ ၊ မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ ။ ယောရုက္ခေ ၊ သေပြီးသော သစ်ပင်တို့ကို ရှင်စေနိုင်၏ ။ မဟာယောရုက္ခေ ၊ ရှင်ပြီးသောသစ်ပင်တို့ကိုလည်း အကိုင်းအခက် အရွက်အလက်နှင့် ပြည့်စုံစေနိုင်၏ ။ ဘူတင်္ဂမှိ ၊ ဟုတ်မှတ်သောအားဖြင့် ။ တမင်္ဂလံ ၊ အမိုက်ပျောက်၍ အလင်းရောက်နိုင်၏ ။



13. အာနန္ဒ ၊ ချစ်သားအာနန္ဒာ ။ ခေါ ပန ၊ စင်စစ် ။ ဣမံ ဓာရဏပရိတ္တံ ၊ ဤဓာရဏပရိတ်တော်ကို ။ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ၊ ကိုးဆယ့်ကိုး ကုဋေကုန်သော ဘုရားရှင်တို့သည် ။ ဘာသိတံ ၊ ဟောတော်မူအပ်ပြီ ။ ဒိဋ္ဌိလာ ၊ မကောင်းသဖြင့် ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏ ။ ဒဏ္ဍိလာ ၊ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက် အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင် ။ မန္တိလာ ၊ မန္တန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏ ။ ရောဂိလာ ၊ ရောဂါအန္တရာယ်မျိုးတို့ကိုလည်း မထိ မရောက်နိုင်။ ခရလာ ၊ ကြမ်းတမ်း ခက်မာသော အနာမျိုးတို့ကိုလည်း မဖြစ်နိုင်။ ဒုဗ္ဘိလာ ၊ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကား, လည်ထောက်ကိုလည်း လွတ်စေနိုင်၏ ။ ဧတေန သစ္စဝ‌ဇ္ဇေန ၊ ဤသို့မှန်ကန်သော သစ္စာစကားကြောင့် ။ သဗ္ဗဒါ ၊ အခါခပ်သိမ်း ။ မေ ၊ ငါ့အား ။ သောတ္ထိ ၊ ချမ်းသာခြင်းသည် ။ ဟောတု ၊ ဖြစ်ပါစေသတည်း ။


ဓာရဏပရိတ် ပါဠိ အဖွင့် ပြီး၏။


.


.


မှတ်ချက်/


ဓာရဏပရိတ်သည် ဘုရားဟော ပိဋကတ်တော်၌ မပါရှိသော်လည်း စီကုံးခဲ့သော ဆရာ၏ မဟာကရုဏာတော်ကြောင့် အစွမ်းထက်၏၊ မျက်မှောက်အကျိုးပေး၏။


.


.



မြတ်ဗုဒ္ဓဘုရားရှင်၏ အာဝေဏိက ဂုဏ်တော် (၁၈) ပါး


ဘုရားရှင်အတွက် သက်သက်သီးခြား ဂုဏ်တော် ၁၈-ပါး။



(၁) အတိတ်အဖို့၌ ဉာဏ်တော်၏ အပိတ် အပင်အတားအဆီးမရှိခြင်း၊


(၂) အနာဂတ်အဖို့၌ ဉာဏ်တော်၏ အပိတ် အပင်အတားအဆီးမရှိခြင်း၊


(၃) ပစ္စုပ္ပန်အဖို့၌ ဉာဏ်တော်၏ အပိတ် အပင်အတားအဆီးမရှိခြင်း၊


(၄) ကာယကံမှု အလုံးစုံ၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာ အစဉ်လိုက်ခြင်း၊


(၅) ဝစီကံမှု အလုံးစုံ၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာ အစဉ်လိုက်ခြင်း၊


(၆) မနောကံအမှု အလုံးစုံ၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာ အစဉ်လိုက်ခြင်း၊


(၇) အလိုဆန္ဒတော်၏ ယုတ်လျော့ အားနည်းမှု မရှိခြင်း၊


(၈) အားထုတ်မှု ဝီရိယ၏ ယုတ်လျော့ အားနည်းမှု မရှိခြင်း၊


(၉) သမာဓိတော်၏ ယုတ်လျော့ အားနည်းမှု မရှိခြင်း၊


(၁၀) ပညာတော်အရာ၏ ယုတ်လျော့ အားနည်းမှု မရှိခြင်း၊


(၁၁) တရားဟောရာ၏ ယုတ်လျော့ အားနည်းမှု မရှိခြင်း၊


(၁၂) ဝိမုတ္တိတရား အဖို့၌ ယုတ်လျော့ အားနည်းမှု မရှိခြင်း၊


(၁၃) ပြက်ရယ်ပြုမှု မြူးထူးမှု မရှိခြင်း၊


(၁၄) ချွတ်ချော် တိမ်းပါးမှု မရှိခြင်း၊


(၁၅) ဉာဏ်တော်နှင့် မတွေ့ထိသော အရာဟူ၍ မရှိခြင်း၊


(၁၆) အဆောတလျင် ပြုရသည်၏ အဖြစ်မျိုး မရှိခြင်း၊


(၁၇) ကြောင့်ကြမဲ့ စိတ်မျိုး မရှိခြင်း၊


(၁၈) ပညာဉာဏ် မစူးစမ်း မဆင်ခြင်ခြင်း ပြုလေ့မရှိ။



CANDA KUMARA

Comments


© 2020 February by CANDA KUMARA /  အရှင် စန္ဒကုမာရ ၊ ၁၃၈၁ ခု ၊ တပို့တွဲလ

bottom of page