top of page

ဗီယက်နမ် ဘုန်းတော်ကြီး Thich Minh Tue ဗုဒ္ဓဂယာသို့ ရောက်တုန်း ရောက်ခေတ်

ဗီယက်နမ် ဘုန်းတော်ကြီး Thich Minh Tue ဗုဒ္ဓဂယာသို့ ရောက်တုန်း ရောက်ခေတ်....


ထေရာဝါဒ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ဝိနယ ပိဋကတ်အကြောင်းကို လျှောက်ထားခဲ့


ဆရာတော် Thich Minh Tue မှ အရှင်မဟာကဿပ ဝါဒကိုသာ ကျင့်သုံးသည်ဟု ပြန်လည်မိန့်ကြားခဲ့သည့်အတွက်....


အရှင်မဟာကဿပ ကျင့်စဉ်ကို အကျဉ်ချုပ် ရှင်းပြခဲ့


Google Translate ဖြင့် အလွယ်တကူ ဘာသာပြန် ဖတ်ရှုနိုင်ရန်


ပါဠိဘာသာ စာသားများကို ရိုမန် အင်္ဂလိပ်၊ သက္ကတ လေတင် အက္ခရာဖြင့် ရေးသားထားပြီး ဘာသာပြန်စကားကို စကားပြော နားလည်လွယ်ရန် ရေးသားထားပါသည်။


*********************************


Maha kassapa Bhikkhu Morality Character


Maha kassapa Bhikkhu သည် ဘုရားရှင်၏ အကြီးဆုံးသော တပည့်သာဝက တစ်ဦးဖြစ်သည်။


Maha kassapa Bhikkhu သည် ၂၂၇ ပါးသော Vinaya သီလ အပါအဝင် Dhutaṅga ၁၃ ပါးလုံးကိုပါ ကျင့်ဆောင်ခဲ့သည်။


ဘုရားရှင်၏ သာသနာတော်မှာ Dhutaṅga ၁၃ ပါးလုံးကို ကျင့်သုံးရာတွင် Maha kassapa ရဟန်းတစ်ပါးသာ ရှားရှားပါးပါး ရှိခဲ့သည်။


ဗုဒ္ဓဝါဒကို တိုက်ဖျက်ခဲ့သော အရှင် Devadatta ၏ အုပ်စုသည်ပင် Maha kassapa ရဟန်း၏ အကျင့်သီလကြောင့် ဖျက်စီးခဲ့ရသည်။


Maha kassapa ရဟန်းကို ရဟန်းအုပ်စုတိုင်းက လေးစားကြည်ညိုကြပါသည်။


Maha kassapa ရဟန်းသည် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် သာသနာတော်ကို ဦးဆောင် ထိန်းသိမ်းခဲ့ပါသည်။


ဗုဒ္ဓသာသနာ တစ်ခုလုံး၌ ရှားရှားပါးပါး Maha kassapa ရဟန်းတစ်ပါးတည်းသာ ကျင့်ဆောင်နိုင်ခဲ့သော အကျင့်မှာ ဓုတင် ၁၃ ပါးလုံးပင်ဖြစ်သည်။


Dhutaṅga ဆိုသည်မှာ ကိလေသာတို့ကို ထွက်သွားအောင် လုပ်နိုင်သော (Austerity Factor) ဗုဒ္ဓဘာသာဝင်များကို မပင်ပန်းစေပဲ ခြိုးခြံချွေတာခြင်း အကြောင်းတရား အကျင့်ပင်ဖြစ်သည်။


၁။ PAṀSUKŪLIKA DHUTAṄGA -

ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် နေရာအသီးသီး၌ ပြန့်ကြဲကျရောက်နေသော အဝတ်စများကို ကောက်ယူကာ ကိုယ်တိုင်ခြုပ်ပြီး အရောင်တစ်ခုတည်းဖြစ်အောင် ဆေးဆိုးအသုံးပြုခြင်းကို ဆိုလိုသည်။

သင်္ကန်းအရောင်မှာ အမျိုးမျိုးကွဲပြားနိုင်သော်လည်း မဝတ်ကောင်သော သင်္ကန်းအရောင်းများမှာ အလွန်မဲနက်သောအရောင်၊ အလွန်နီရဲသော အရောင်၊ အလွန်ဝါလွန်းသောအရောင်၊ အညိုရောင်တို့ကို မဝတ်အပ်ပါ။


အရောင်အမျိုးမျိုးရှိသော အဝတ်စများကို ကောက်ယူပြီးလျင် ချုပ်လျက် အပ်စပ်သော အရောင် တစ်ခုခုဖြင့် ဆေးဆိုးရပါမည်။


ရဟန်းဝတ်ရုံသော အဝတ်စများသည် သူခိုးတို့၏ အန္တရာယ်မှ ကင်းရှင်းစေရန် လူအများက မက်မောတွယ်တာလောက်သည့် တန်ဖိုးကြီးအဝတ်များ မဖြစ်ရပါ။ လူအများက မလိုချင် မတပ်မက်သော အဝတ်စများသာ ဖြစ်ရပါမည်။


သင်္ကန်းကို ဝတ်ရုံသောအခါ ညီညီညာညာ ဝတ်ရုံရပါမည်။ အနားစွန်းတွေထွက်လျက် မဝတ်ကောင်းပါ။


သင်္ကန်း အစွန်းဖက်၌ ကြမ်းပိုးကျောကုန်းပမာဏလောက် အပြာရောင်အမှတ်အသား အကွက်တွေ ပြုလုပ်ထားရပါမည်။


သင်္ကန်းမှာ လက်သန်း၏ လက်သဲပမာဏ အပေါက် ပေါက်လျင် ခြုပ်ပြီး ဝတ်ရပါမည်။ လက်သန်း၏ လက်သဲပမာဏ သို့မဟုတ် ထိုထက်ကြီးသော အပေါက် ပေါက်နေလျင် မဝတ်အပ် အဓိဋ္ဌာန်ပျက်သည်ဟု ဆိုလိုပါသည်။


ခါး၌ ဝတ်သော သင်္ကန်းကို ဒူးအောင် လက်ရှစ်လုံးခန့် အောက်သို့ချကာ ဝတ်ရုံရပါမည်။

အပေါ်၌ ဝတ်သော သင်္ကန်းကို ဒူးအောက် လက်လေးလုံးခန့် အောက်သို့ချကာ ဝတ်ရုံရပါမည်။


ရဟန်းဝတ်သော သင်္ကန်းသည် အလွန်အရေးကြီးပါသည်။ လူဘဝဖြင့် Arahat ရဟန္တာပုဂ္ဂိုလ် ဖြစ်နေလျင် ယင်းနေ့မှာပင် သေဆုံးရမည်ဖြစ်သော်လည်း သင်္ကန်းဝတ်လိုက်ပါက မသေနိုင်တော့ပါဘူး။ ယင်းကြောင့် သင်္ကန်းသည် အလွန်အရေးကြီးပါသည်။


အကျင့်သီလ ခံယူပုံ


GAHAPATI DĀNACĪVARAṀ PAṬIKKHIPĀMI,

PAṄSUKŪLIKAṄGAṀ SAMĀDIYĀMI.


"အလှူရှင်တို့ လှူဒါန်းအပ်သော သင်္ကန်းကို မလိုအပ်ပါဘူး။

"မြေပေါ်၌ ကျရောက်နေသော အဝတ်စများကို ခြုပ်,ဆေးဆိုး ဝတ်ရုံပါမည်။


၂။ TECĪVARIKAṀGA DHUTAṄGA -

သင်္ကန်းသုံးထည်သာ ထားရှိရပါမည်။ သင်္ကန်းသုံးထည်ထက်အပို မထားရှိရ။ သင်္ကန်းမှတ်မှတ် ရိုရိုသေသေ အသုံးပြုပါမည်ဟု အဓိဋ္ဌာန်ပြုရပါမည်။


အကျင့်သီလ ခံယူပုံ


CATUTTHAKA CĪVARAṀ PAṬIKKHIPĀMI,

TECĪVARIKAṄGAṀ SAMĀDIYĀMI.


သင်္ကန်းအပို မလိုအပ်ပါ။

"သင်္ကန်းသုံးထည်တည်းသာ ဆောင်ထားပါမည်။


၃။ PIṆḌAPĀTIKA DHUTAṄGA -

ဆွမ်းအလှူခံ၍သာ သုံးဆောင်ရပါမည်။


အကျင့်သီလ ခံယူပုံ


ATIREKALĀBHAṀ PAṬIKKHIPĀMI,

PIṆḌAPĀTIKAṄGAṀ SAMĀDIYĀMI.


အပိုအလွန် ဆွမ်းကို မယူပါ။

ဆွမ်းခံ၍သာ စားသုံးပါမည်။


၄။ SAPADĀNACĀRIKA DHUTAṄGA -

အိမ်စဉ်အတိုင်း ဆွမ်းခံ စားသုံးရပါမည်။

လောဘဇောဖြင့် အများအပြားလှူသူများထံသို့ အိမ်စဉ်ကျော်ဖြတ်ကာ ဦးစားပေး အလှူခံတာမျိုး မလုပ်အပ်ပါ။


အကျင့်သီလ ခံယူပုံ


LOLUPPACĀRAṀ PAṬIKKHIPĀMI,

SAPADĀNACĀRIKAṀGAṀ SAMĀDIYĀMI.


"မက်မောသော တဏှာဖြင့် အိမ်စဉ်ကျော်၍ ဆွမ်းခံသွားခြင်းကို ပယ်ပါ၏။

"အိမ်စဉ်အတိုင်း ဆွမ်းခံသွားသော ရဟန်း၏ အကျင့်သီလကို ကျင့်ပါ၏။


၅။ EKĀSANIKA DHUTAṄGA -

တစ်နေရာတည်းမှာပဲ ဆွမ်းစားရပါမည်။

နေရာပြောင်းလျက် မစားရပါ။


အကျင့်သီလ ခံယူပုံ


NĀNĀSANABHOJANAṀ PAṬIKKHIPĀMI,

EKĀSANIKAṄGAṀ SAMĀDIYĀMI.


"နေရာတကာ၌ စားသုံးခြင်းကို ပယ်ပါ၏။

"တထိုင်တည်း၌သာ စားလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


၆။ PATTAPIṆḌIKA DHUTAṄGA -

ခွက်မှာ စားစရာအကုန်ထည့်ပြီး အဲ့ဒီတစ်ခွက်တည်းမှာရှိတဲ့ အစားအစာများကိုသာ စားသုံးရပါမည်။

အခြားခွက်ကို ယူ၍ မစားအပ်ပါ။


အကျင့်သီလ ခံယူပုံ


DUTIYAKABHĀJANAṀ PAṬIKKHIPĀMI,

PATTAPIṄḌIKAṄGAṀ SAMĀDIYĀMI.


"နှစ်ခုမြောက်သော စားခွက်ကို ပယ်ပါ၏။

"တခွက်တည်း၌သာ ရှိသော စားဖွယ်ကိုသာ စားလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


၇။ KHALUPACCHĀBHATTIKA DHUTAṄGA -

ခွက်မှာ စားစရာအကုန်ထည့်ပြီး ယင်းတစ်ခွက်တည်းအထဲရှိ အစားအစာများကိုသာ စားသုံးရပါမည်။

အခြားသူ တစ်ဦးဦးက ထည့်ပေးတာ လှူပေးတာကို မစားအပ်ပါ။


အကျင့်သီလ ခံယူပုံ


ATIRITTABHOJANAṀ PAṬIKKHIPĀMI,

KHALUPACCHĀBHATTIKAṄGAṀ SAMĀDIYĀMI.


အပို စားခြင်းကို ပယ်ပါ၏။

"နောက်ကျမှ ရလာသော ဆွမ်းကို မစားသုံးပဲ ကျင့်ပါ၏။


၈။ ĀRAÑÑIKA DHUTAṄGA -

တောအရပ်မှာသာ နေရပါမည်။


အကျင့်သီလ ခံယူပုံ


GĀMANTASENĀSANAṀ PAṬIKKHIPĀMI,

ĀRAÑÑIKAṄGAṀ SAMĀDIYĀMI.


"ရွာကျောင်းကို ပယ်ပါ၏။

"တော၌ နေလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


၉။ RUKKHAMŪLIKA DHUTAṄGA -

သစ်ပင်အောက်မှာသာ နေရပါမည်။


အကျင့်သီလ ခံယူပုံ


CHANNAṀ PAṬIKKHIPĀMI,

RUKKHAMŪLIKAṄGAṀ SAMĀDIYĀMI.


"အမိုးရှိသော အရိပ်အာဝါသကို ပယ်ပါ၏။

"သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


၁၀။ ABBHOKĀSIKA DHUTAṄGA -

အပြင်ဖက်မှာသာ နေရပါမည်။

အတွင်းမှာ မနေရ။


အကျင့်သီလ ခံယူပုံ


CHANNAÑCA RUKKHAMŪLAÑCA PAṬIKKHIPĀMI,

ABBHOKĀSIKAṄGAṀ SAMĀDIYĀMI.


"အမိုးကို လည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း ပယ်ပါ၏။

"အမိုးမရှိသော ဟင်းလင်းပြင်၌ နေလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


၁၁။ SOSĀNIKA DHUTAṄGA -

သုဿာန် သင်္ချိုင့်အရပ်မှာသာ နေရပါမည်။


အကျင့်သီလ ခံယူပုံ


NA SUSĀNAṀ PAṬIKKHIPĀMI,

SOSĀNIKAṄGAṀ SAMĀDIYĀMI.


သင်္ချိုင့် သုသာန် မဟုတ်သော အရပ်ကို ပယ်ပါ၏။

သင်္ချိုင့် သုသာန် အရပ်၌သာ နေလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


၁၂။ YATHĀSANTHATIKA DHUTAṄGA -

အဆင်ပြေသလို နေတတ်ရပါမည်။


အကျင့်သီလ ခံယူပုံ


SENĀSANALOLUPPAṀ PAṬIKKHIPĀMI,

YATHĀSANTHATIKAṄGAṀ SAMĀDIYĀMI.


"ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာကို ပယ်ပါ၏။

"ခင်းပေးထားသော နေရာ၌သာ နေလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


၁၃။ NESAJJIKA DHUTAṄGA -

ထိုင်နေခြင်း၊ ရပ်နေခြင်း၊ လမ်းလျှောက်နေခြင်းတို့ဖြင့်သာ နေထိုင်ရမည်။

လဲလျောင်း ဇိမ်ခံ အိပ်စက်တာမျိုးဖြင့် မနေအပ်။

ကျန်းမာရေးကြောင့် လဲလျောင်း အိပ်စက်ခြင်းမျိုးကိုသာ ပြုကျင့်ရမည်။


အကျင့်သီလ ခံယူပုံ


SEYYAṀ PAṬIKKHIPĀMI,

NESAJJIKAṄGAṀ SAMĀDIYĀMI.


"လဲလျောင်း၍ အိပ်ခြင်းကို ပယ်ပါ၏။

"ထိုင်, ရပ်, သွားလျက် နေလေ့ရှိသော ရဟန်း၏ အကျင့်ကို ကျင့်ပါ၏။


*****************************


အဓိက ဓုတင် (အကျဉ်းချုပ်) ၃-ပါး


SAPADĀNACĀRIKA ကို ဆောင်နိုင်လျှင် PIṆḌAPAT DHUTAṄGA ကိုလည်း ဆောင်နိုင်တော့သည်။


EKĀSANA DHUTAṄGA ကို ဆောင်နိုင်လျှင် PATTAPĀTIKA DHUTAṄGA, KHALUPACCHABHATTA DHUTAṄGA တို့ကိုလည်း ဆောက်နိုင်တော့သည်။


ABBHOKĀSIKA DHUTAṄGA ကိုဆောင်နိုင်လျှင် RUKKHAMULA DHUTAṄGA, YATHĀSANTHATIKA DHUTAṄGA တို့ကိုလည်း ဆောင်နိုင်တော့သည်။


ĀRAÑÑIKA DHUTAṄGA, PAṀSUKULA DHUTAṄGA, TICĪVARIKA DHUTAṄGA, NISAJJIIKA DHUTAṄGA, SUSANA DHUTAṄGA ယင်း ဓုတင် ၅-ပါး တို့ကား သီးခြားတစ်ခုချင်းစီ ဖြစ်၏။


********************


သင်္ကန်းအဝတ်နှင့် ဆက်စပ်သော Dhutaṅga ၂-ပါး—

PAṀSUKULA DHUTAṄGA, TICĪVARIKA DHUTAṄGA တို့သည် သင်္ကန်းနှင့် ဆက်စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။


ဆွမ်းနှင့် ဆက်စပ်သော DHUTAṄGA ၅-ပါး—

PIṆḌAPAT DHUTAṄGA, SAPADANACARIKA DHUTAṄGA, EKĀSANA DHUTAṄGA, PATTAPIṆDIKA DHUTAṄGA, KHALUPACCHABHATTA DHUTAṄGA တို့သည် ဆွမ်းနှင့် ဆက်စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။


ကျောင်းနှင့် ဆက်စပ်သော DHUTAṄGA ၆-ပါး —

ĀRAÑÑIKA DHUTAṄGA, RUKKHAMULA DHUTAṄGA, ABBHOKĀSIKA DHUTAṄGA, SUSANA DHUTAṄGA, YATHĀSANTHATIKA DHUTAṄGA, NESAJJIKA DHUTAṄGA ယင်း DHUTAṄGA တို့သည် ကျောင်းနှင့် စပ်သော ဓုတင်တို့ဖြစ်ကုန်၏။


**************************************


Dhutaṅga အကျင့်သီလနှင့် ဆက်စပ်သော ပုဂ္ဂိုလ် ၄-မျိုး


(၁) Bakula Bhikkhu ရဟန်းကဲ့သို့ ကိုယ်တိုင်သာ Dhutaṅga ကျင့်၍ တစ်ပါးသူတို့အား Dhutaṅga ကျင့်ရန် မဟောပြော မဆုံးမသော ပုဂ္ဂိုလ်သည် Dhutaṅga သာ မည်၍ Dhutavāda မမည်။


(၂) Upananda Bhikkhu ရဟန်းကဲ့သို့ ကိုယ်တိုင်မူကား Dhutaṅga ကို မကျင့်, တစ်ပါးသူတို့အားသာ Dhutaṅga ကျင့်ရန် ဟောပြော ဆုံးမသော ပုဂ္ဂိုလ်သည် Dhutavāda သာ မည်၍ Dhuta မမည်။


(၃) Laludāyī Bhikkhu ရဟန်းကဲ့သို့ ကိုယ်တိုင်လည်း Dhutaṅga ကို မကျင့်၊ တစ်ပါးသူတို့အားလည်း Dhutaṅga ကိုကျင့်ရန် မဟောပြော မဆုံးမသော ပုဂ္ဂိုလ်သည် Dhuta လည်း မမည်၊ Dhutavādaလည်း မမည်။


(၄) Sariputtra, Maha Kassapa, Pindola Bhāradvāja Bhikkhu ရဟန်းတို့ကဲ့သို့ ကိုယ်တိုင်လည်း Dhutaṅga ကို ကျင့်ပြီး တစ်ပါးသူတို့အားလည်း Dhutaṅga ကို ကျင့်ရန် ဟောပြော ဆုံးမသော ပုဂ္ဂိုလ်သည် Dhuta လည်းမည်, Dhutavāda လည်း မည်၏။


**************************************


Cuddasa Khandhaka ဝတ် ၁၄ ပါး

အလွန်အရေးကြီးသော သီလ


၁။ Āgantuka - အရံတွင်းသို့ မဝင်မီ ဘိနပ်ချွတ်ခြင်း, ထီးရုပ်ခြင်း, ဦးခေါင်းခြုံကို ဖွင့်ခြင်း, ဦးခေါင်း၌ တင်သော သင်္ကန်းကို ပခုံးသို့ချခြင်း Āvāsika Bhukkhu ရဟန်းကြီးကို ရှိခိုးခြင်းစသော Āgantuka ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။


၂။ Avāsika - Āgantuka ရဟန်းကြီးကို မြင်လျှင် ခရီးဦးကြိုဆိုခြင်း, သပိတ်သင်္ကန်းကို လှမ်းယူခြင်း, Āgantuka ရဟန်းကြီးကို ရှိခိုးခြင်း, ခြေဆေးရေ ခြေဆေးအင်းပျဉ် စသည်ကို အနီး၌ ထားခြင်းစသော Āvāsika ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။


၃။ Gamika - သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှိးခြင်း, တံခါးမ, လေသာတံခါးတို့ကို ပိတ်ခြင်း, ပန်ပြော၍ သွားခြင်းစသော ခရီးသွားအံ့သော ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။


၄။ Anumodana - မထေရ်ကြီး တရားဟောခြင်း, မထေရ်ကြီးက တိုက်တွန်းမှ ဟောခြင်း, ပန်လျှောက်၍ ဟောခြင်းစသော တရားဟောရာ၌ ပြုရာသော ဝတ်လည်းကောင်း။


၅။ Bhattagga - တရားဟောခြင်း, ရဟန်းကြီးကို တိုးဝှေ့၍ မနေမထိုင်ခြင်း, ရဟန်းငယ်တို့အား နေရာဖြင့် မမြစ်ခြင်းစသော ဆွမ်းစားဇရပ်၌ ပြုရာသော ဝတ်လည်းကောင်း။


၆။ Piṇḍacārika - သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း, သပိတ်ကို ရေကျင်းခြင်း, ခါးပန်းကို ဖွဲ့ခြင်း, သင်းပိုင် သင်္ကန်းတို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း, Sekhiya Sikkhā နှင့်အညီ သွားခြင်း, မနှေးမလျင် ရွာတွင်းသို့ ဝင်ခြင်း, မရှည်မကြာ ရပ်ခြင်း စသော ဆွမ်းခံ ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်ကောင်း။


၇။ Āraññika - သောက်ရေ, သုံးဆောင်ရေ တည်ထားခြင်း, မီးပွတ်ခုံ ပွတ်ကျည် တောင်ဝှေးထားခြင်း, အရပ်လေးမျက်နှာ တာရာနက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်ကောင်း။


၈။ Senāsana - ညောင်စောင်း, အင်းပျဉ်, အိပ်ရာ နေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, ပရိဝုဏ်, ရေချိုးအိမ်, အိမ်သာစသည်တို့ကို တံမြက်လှည်းခြင်းစသော ကျောင်း၌ ပြုရာသော ဝတ်လည်ကောင်း။


၉။ Jantāghara - ပြာကိုစွန့်ခြင်း, တံမြက်လှည်းခြင်းစသော ချွေးဇရုံးအိမ်၌ ပြုရာသော ဝတ်လည်‌ကောင်း။


၁၀။ Vaccakuti - ချောင်းဟန့်ခြင်း, သင်္ကန်းတန်း၌ သင်္ကန်းကို တင်၍ မနှေးမလျင် ဝင်ခြင်း, သင်းပိုင်ကို ပင့်၍ မဝင်ခြင်း, နင်းခုံ၌ နင်းမိမှ သင်းပိုင်ကို ပင့်ခြင်း, ကြမ်းသော ကနုတံစသည်ဖြင့် မသုတ်ခြင်း, သန့်သက်ရေဆေးခြင်း, နင်းခုံ၌ နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်းစသော အိမ်သာ၌ ပြုရာသော ဝတ်လည်းကောင်း။


၁၁။ Upajjhāya - နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကတော့တင်၍ မျက်နှာသစ်ရေ တံပူကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း, သပိတ်ခွက်ဆေးခြင်း, ကျောင်းအိပ်ရာ, နေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် Upajjhāya ဆရာ၌ Siddhivihārika တပည့်တို့က ပြုရာသော ဝတ်လည်းကောင်း။


၁၂။ Siddhiviharika - သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှင့်ခြင်းစသည်တို့ဖြင့် Siddhivihārika တပည့်တို့၌ Upajjhāya ဆရာက ပြုရာသော ဝတ်လည်းကောင်း။


၁၃။ Ācariy - နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကတော့တင်၍ မျက်နှာသစ်ရေ တံပူကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း, သပိတ်ခွက်ဆေးခြင်း, ကျောင်းအိပ်ရာ, နေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် ဆရာလေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသော ဝတ်လည်းကောင်း။


၁၄။ Antevāsika - သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှင့်ခြင်း စသည်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရာသော ဝတ်လည်းကောင်း။


***********************************


Khandhaka ဝတ် ၁၄ ပါး


ရှင်ရဟန်းတို့ မဖြစ်မနေ ပြုကျင့်ရမည့် ဝတ်တရားများ


VATTAṀ APARIPURENTO,

SĪLAṀ NAPARIPŪRATI.

ASUDDHASĪLO DUPPAÑÑO, CITTEKAGGAṀ NA VINDATI.


ဝတ်ကြီးဝတ်ငယ်တွေကို မပြုကျင့်သော ရဟန်းသာမဏေတို့သည် သီလကိုလည်း ဖြည့်ကျင့်သည် မမည်။ မစင်ကြယ်သော သီလရှိသော ရဟန်း၊သာမဏေတို့သည် စိတ်၏ ငြိမ်သက် တည်ကြည်ခြင်းကို မရနိုင်။


VIKKHITTACITTO NEKAGGO,

SAMMĀ DHAMMAṀ NA PASSATI.

APASSAMĀNO SADDHAMMAṀ, DUKKHĀ NA PARIMUCCATI.

လေခတ်သော တံခွန်ကဲ့သို့ ပျံ့လွင့်သောစိတ်ရှိရင်၊

စိတ် မတည်ကြည်သော ရဟန်း, သာမဏေတွေဟာ

ကောင်းစွာ မဂ်,ဖိုလ်,နိဗ္ဗာန်တရားကို မမြင်ရနိုင်၊သူတော်ကောင်းတရားကို မမြင်ရသော ရဟန်းသာမဏေသည် ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်။


**************************************


Canda Kumara

Comments


© 2020 February by CANDA KUMARA /  အရှင် စန္ဒကုမာရ ၊ ၁၃၈၁ ခု ၊ တပို့တွဲလ

bottom of page