Wi-Fi ခိုးသုံးခြင်း ဆုံးဖြတ်ချက် မှားပါသည်ဘုရား။ ဝိနယ သီလကို အမှားမှား အယွင်းယွင်း မလုပ်သင့်ပါ။ ဝိနည်း ဆိုတာလည်း လူအသုံးများသော Public သီလလည်း မဟုတ်ပါဘုရား။ Private သီလသာ ဖြစ်ပါသည်။ သတိထားဆင်ခြင်ပြီး အလုပ်လုပ်ကြပါဘုရား။ သိက္ခာပုဒ် တစ်ခုစီ၌ နိဒါန်း ပုဂ္ဂိုလ် ဝတ္ထု ဆိုတာ ရှိသလို။ အာပါတ်သင့်ခြင်း လက္ခဏာ ဆိုတာလည်း ရှိပါသည်ဘုရား။ ဒုတိယပါရာဇိက၏ အာပါတ်သင့်ခြင်း လက္ခဏာ အင်္ဂါတို့မှာ ၁။ လူဇာတ်ရှိသော ပုဂ္ဂိုလ်၏ သူတပါးဥစ္စာဖြစ်ခြင်း ၂။ သူတပါးဥစ္စာဟု သိခြင်း ၃။ တစ်မတ် တစ်မတ်ထက်ပို၍ ထိုက်တန်သော ဥစ္စာဖြစ်ခြင်း ၄။ ခိုးလိုသော စိတ်ရှိခြင်း ၅။ ခိုးခြင်း ၂၅ ပါးတို့တွင် တစ်မျိုးမျိုးဖြင့် ခိုးခြင်း တို့ ဖြစ်ပါသည်။ ဝိနည်းကို သေချာကျွမ်းကျင်မှုမရှိပဲ ဝိနစ္ဆယကိစ္စတွေကို မလုပ်သင့်ပါဘုရား။ ဝိနည်းကို သေချာ ကျွမ်းကျင်မှုမရှိပဲ ဝိနစ္ဆယကိစ္စ ဆောင်ရွက်မိရင် အလဇ္ဇိ လက္ခဏာ သက်ရောက်ပြီး အပြစ်ကျနိုင်သလို၊ ဝိနယကုက္ကုစ္စကြောင့်လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်ဘုရား။ ယင်းကြောင့် ဝိနည်းကိစ္စ ကျွမ်းကျင်မှုမရှိပဲ မလုပ်သင့်ပါဘုရား၊ အလွန် အန္တရာယ် ကြီးပါသည်။ အပြစ် မကျရခြင်းအကြောင်း Wi-Fi ခိုးသုံးသော ဦးဇင်းသည် ၁။ခိုးလိုစိတ် မရှိပဲ Wi-Fi သုံးခြင်းကြောင့် အပြစ်မကျနိုင်ပါ။ ထိုပုဂ္ဂိုလ်သည် စာချဘုန်းကြီးအခန်းမှာ Wi-Fi ရှိနေခြင်းကိုလည်း မသိသလို၊ ကျောင်းသားတစ်ယောက်ဆီကလည်း ခိုးလိုသောစိတ်ဖြင့် တိတ်တစ်ဆိတ် ခိုးယူသုံးခြင်းလည်း မဟုတ်ပါ။ တောင်း၍ သုံးခြင်းသာဖြစ်ပါသည်၊ ယင်းကြောင့် လုံးဝ အာပတ် မသင့်နိုင်ပါ။ အပြစ်မကျသည်ကို အပြစ်ကျ၏ဟု ကပ္ပိယ-အကပ္ပိယလက္ခဏာဖြင့် ဖြေဆိုခဲ့သော ဆရာတော်၏ ဆုံးဖြတ်ချက် အဓိကမှာ... "Wi-Fi ခိုးသုံးခြင်း" ဟူသော စကားကိုသာ အထူးပြု မေးခွန်းပြုလုပ်ပြီး ဖြေဆိုသွားခြင်းသာဖြစ်ပါသည်။ ဝိနစ္ဆယကိစ္စ တစ်ခုဆုံးဖြတ်လျင် သေချာစစ်ဆေး အဖက်ဖက် သုံးသပ်ဆင်ခြင်ပြီးမှ ဆုံးဖြတ် ဖြေဆိုသင့်ပါသည်။ ဖြေဆိုသော ဆရာတော်၏ မေးခွန်းအပေါ် ဆင်ခြင်ရမည့် လက္ခဏာမှာ.... ၁။ Wi-Fi ခိုးသုံးခြင်း ၂။ ခိုးလိုသောစိတ် ရှိခြင်း/မရှိခြင်း ၃။ စာချဆရာတော် တိုက်ခန်း၌ Wi-Fi ရှိသည်ကို မသိခြင်း ၄။ ကျောင်းသားတစ်ဦးဆီက တောင်းယူ သုံးစွဲခြင်း ၅။ မည်လောက် ကြာကြာသုံးစွဲမိခြင်း ၆။ အခိုးခံရသူ၌ နစ်နာမှု မည်မျှရှိသွားခြင်း ဖော်ပြပါ ၆ ခုလုံးကို သေချာ စစ်ဆေးပြီးမှ ဆုံးဖြတ်သင့်ပါသည်။ ဖြေဆိုသော ဆရာတော်က နံပါတ် ၁,၅,၆ ကိုသာ အသေကိုင် ဖြေဆိုသွား၍ ဆုံးဖြတ်ချက်က မှားပါသည်။ အာပါတ်သင့်ခြင် အကြောင်း ၆ ပါး ၁။ အလ္လဇ္ဇိတာ- အရှက်မရှိခြင်း ၂။ အညဏတာ- ဉာဏ်မရှိခြင်း ၃။ ကုက္ကုစ္စပ္ပကတတာ- အပ်သည် မအပ်သည်ကို သံသယဖြစ်ခြင်း ၄။ အကပ္ပိယေ ကပ္ပိယသညိတာ- မအပ်သည်ကို အပ်သည်ထင်ခြင်း ၅။ ကပ္ပိယေ အကပ္ပိယသညိတာ- အပ်သည်ကို မအပ်ဟုထင်ခြင်း ၆။ သတိသမ္မောသာ- အမှတ်တမဲ့ ပြုလုပ်မိခြင်း တို့ကြောင့် ရဟန်းများ၌ အာပတ်သင့်ကြရပါသည်။ ၁။ အလဇ်ဇိ လက်ခဏာ အာပါတ်သင့်ခြင်း၊ အာပါတ်ကို ဖုံးလွှမ်းခြင်း၊ အဂတိလိုက်ခြင်းတို့ ဖြစ်ပါသည်။ ၂။ အညဏတာ လက်ခဏာ လုပ်သင့်သည်ကို မလုပ်ခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်း ၃။ ကုက်ကုစ်စပ်ပကတတာ လက်ခဏာ သံသယရှိလျင် တတ်ကျွမ်းသူကို မေးမြန်းရမည်၊ မမေးမြန်းပဲ လုပ်နေမိခြင်းကြောင့် အာပါတ်သင့်သည်။ ၄။ အကပ်ပိယေ ကပ်ပိယသညိတာ လက်ခဏာ မအပ်သည်ကို သေချာ မစစ်ဆေးပဲ အပ်သည်ထင်လျက်လုပ်ခြင်းကြောင့် အာပါတ်သင့်၏။ ၅။ ကပ်ပိယေ အကပ်ပိယသညိတာ လက်ခဏာ အပ်သည်ကို အပ်၏ဟု သေချာ မစုံစမ်းပဲ မအပ်ဟုထင်နေခြင်းကြောင့် အာပါတ်သင့်ပါသည်။ ၆။ သတိသမ္မောသာ လက္ခဏာ သတိထားသင့်သည်ကို သတိမထား အမှတ်တမဲ့နေလိုက်မိ၍ အာပါတ်သင့်ရပါသည်။ ဝိနစ္ဆယကိစ္စ ဆုံးဖြတ်မိသော ဆရာတော်၌ အပါတ်သင့်ခြင်း အကြောင်း ၆ ပါးတို့တွင် နံပါတ် ၂။ နံပါတ် ၃။ နံပါတ် ၅။ နံပါတ် ၆။ တို့နှင့် ညီညွတ်နေပါသည်။ မူရင်း https://fb.watch/aQsfvzr2qK/ ဆက်စပ် ဖတ်ရှုရန် https://www.facebook.com/411575839265513/posts/411577659265331/ https://www.facebook.com/110338504087531/posts/112121203909261/ https://my.wikipedia.org/wiki/%E1%80%A1%E1%80%92%E1%80%AD%E1%80%94%E1%80%B9%E1%80%94%E1%80%AC%E1%80%92%E1%80%AB%E1%80%94?wprov=sfla1
top of page
bottom of page
Comments