top of page

ဆုတောင်း အမျှဝေ

Oct 21, 2023
1 min read

ဆုတောင်း၊ အမျှဝေ


ဆုတောင်း

ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခဘေးဒဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှ မတွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရစေသော်။


အမျှဝေ

ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်းစ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျအား အမျှကုသိုလ် ပေးဝေလိုသည် များထွေသာဓု ခေါ်စေသော်ဝ်။

သာဓု…သာဓု…သာဓု…




တစ်နည်း


အမျှဝေ သီးသန့်

ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင်းမိုရ်တောင်ဦး မကကျူးသား ကျေးဇူးရှင် မွေးမိခင်နှင့် ဖခင်တို့အား ရငြားပါစေ အမျှဝေ၏။

မသွေနိစ္စ ဤကာယကို စောင့်ထပေတတ် ကိုယ်စောင့်နတ်လည်း မလပ်စေရ ပေးဝေငှ၏။

မိတ္တဆွေဉာ ဆရာသမား ဘိုးဘွားကစ ယမရာဇာ ဒေဝါယက္ခ ဣန္ဒဘုမ္မာ အာကာသနတ် အထူးမှတ်၍ မပြတ်ပုည ကုသလကို ရကြပါစေ အမျှဝေ၏။

သဗ္ဗေသတ္တာ သတ္တဝါဟု နာနာလောက အနန္တတွင် မပြတ်စဥ်ကာ သတ္တဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ တည်ရှိခုနှစ်ပါး များစွာ့လုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျအား အမျှကုသိုလ် ပေးဝေလို၏။

ထိုကုသလ ဤပုညကို အမျှရကြသည် ဖြစ်စေသော်ဝ်။

ဝသုန္ဓရေ၊ ဤမြေပံသု သိလာထုလည်း သက်သေအမှုတည်စေသော်။

အားလုံး ကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့။

သာဓု သာဓု သာဓု…


Candakumara blog

Recent Posts

See All
ဗီယက်နမ် ဘုန်းတော်ကြီး Thich Minh Tue ဗုဒ္ဓဂယာသို့ ရောက်တုန်း ရောက်ခေတ်

ဗီယက်နမ် ဘုန်းတော်ကြီး Thich Minh Tue ဗုဒ္ဓဂယာသို့ ရောက်တုန်း ရောက်ခေတ်.... ထေရာဝါဒ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ဝိနယ ပိဋကတ်အကြောင်းကို...

 
 
 

Comments


© 2020 February by CANDA KUMARA /  အရှင် စန္ဒကုမာရ ၊ ၁၃၈၁ ခု ၊ တပို့တွဲလ

bottom of page