top of page
Writer's pictureCanda Kumara

ဒေါ်လာ ဘီလျံ အမြောက်အများ ကျည်ဆံအမြှောက် မဖြစ်တော့ပဲ ကမ္ဘာမှာ အထင်ကရ ဘုရားတစ်ဆူ ဖြစ်ခဲ့ရတယ်

ဒေါ်လာ ဘီလျံ အမြောက်အများ ကျည်ဆံအမြှောက် မဖြစ်တော့ပဲ ကမ္ဘာမှာ အထင်ကရ ဘုရားတစ်ဆူ ဖြစ်ခဲ့ရတယ်


လူတွေက စကစ ဘုရားတည်တာကို အပြစ်ပြောကြတယ်

စကစ ကို လက်နက်ဝယ်ဖို့ အမြဲထောက်ပံ့နေကြတဲ့ စကစ လက်အောက်ခံ ခရိုနီသူဋ္ဌေးတွေက စကစ ကို လက်နက်ဝယ်ဖို့ စစ်အသုံးစရိုက် မထောက်ပံ့ပဲ ဘုရားတည်ဖို့သာ ထောက်ပံ့ခဲ့ကြတယ်ဆိုတာကို မတွေးမိကြဘူး။


စကစ ဦးဆောင်တည်တဲ့ ဘုရားမှာ အပြင်က အလှူမပါဘူး။ လမ်းဘေးမှာ အလှူမခံဘူး။ ရှင်းရှင်းပြောရရင် ပြည်သူ့ပိုက်ဆံ မပါဘူးလို့ ပြောလိုက်ရင် ပို သဘောပေါက်လွယ်ပါလိမ့်မယ်။


စစ်တပ် ခရိုနီ သူဋ္ဌေးတွေက စစ်တပ်ကို လက်နက်ဝယ်ဖို့နဲ့ စစ် အသုံးစရိုက်တွေ အမြဲထောက်ပံ့နေကြတာ....


စစ် အသုံးစရိုက် လက်နက်ဝယ်ဖို့ ခရိုနီတွေက သိန်း တစ်သောင်းလှူမယ်ဆိုရင် ဘုရားတစ်ဆူတည်လိုက်တော့ စစ်တပ်လက်ထဲကို သိန်းတစ်သောင်းလုံး မရောက်တော့ပါဘူး...

ဘုရားတည်ရန် သိန်း ငါးထောင်

စစ်တပ်အတွက် သိန်း ငါးထောင်ပဲ ဖြစ်သွားလိမ့်မယ်။

စစ်တပ်အတွက် ဝင်ငွေ လျော့နည်းသွားတယ်ဆိုတဲ့သဘောပဲ။


ဒီလောက် အကျပ်အတည်းကာလမှာ စစ်ကောင်စီက ဘုရားကြီးတစ်ဆူ တည်လိုက်တာဟာ လေယဉ် လက်နက်ဝယ်ဖို့ စစ် အသုံးစရိုက်တွေကို လျှော့ချလိုက်တာပါပဲ။


တိုက်လေယဉ် လက်နက် အမြှောက် ကျည်ဆံဖြစ်လာမည့် ပိုက်ဆံတွေက ဘုရား ရုပ်ထုတစ်ဆူဖြစ်သွားတာကိုပဲ ကြိုဆိုကြရမှာပါ။


စစ်တပ် အသိုင်းအဝိုင်းထဲက ထွက်လာတဲ့ ပိုက်ဆံတွေကို လမ်း တံထား ဆေးရုံဆေးခန်း ဘိုးဘွားရိပ်သာတွေ ဆောက်လို့ မရဘူးလားလို့ မေးခွန်းထုတ်လို့ ရသလို....


စစ်တပ် အသိုင်းအဝိုင်းထဲက ထွက်လာတဲ့ ပိုက်ဆံတွေကို အမြှောက် ကျည်ဆံဝယ်လို့ မရဘူးလားလို့လည်း မေးခွန်းထုတ်လို့ ရတယ်ဆိုတာကို သတိပြုကြဖို့ လိုပါတယ်.....


ဘုရားတည်တဲ့ ပိုက်ဆံတွေမှာ မီတာခတွေ မပါဘူး၊ လမ်းအခွန် မြေအခွန်တွေ မပါဘူး။

ပြည်တွင်း ပုန်ကန်မှုမျိုးစုံနဲ့ ICJ အပါအဝင် ပြည်ပ ဖိနှိပ်မှုမျိုးစုံကြားက စစ်ကောင်စီဟာ ဒေါ်လာဘီလျံ အမြောက်အများ ကုန်ကျခဲ့တဲ့ ဘုရားတစ်ဆူကို ပြီးစီးအောင် တည်နိုင်ခဲ့တယ်ဆိုတာကို ကြည့်ရင် စစ်ကောင်စီရဲ့ နောက်ခံ ငွေအင်အား တောင့်တင်းမှုများကို ခန့်မှန်းနိုင်ပါတယ်။


ဒီလို ဒေါ်လာဘီလျံ အမြောက်အများကို ဘုရားတည်ဖို့ စိတ်ကူးမပေါက်ပဲ တိုက်လေယဉ် လက်နက် အမြောက် ကျည်ဆံဝယ်ဖို့သာ စိတ်ကူးပေါက်ခဲ့မယ်ဆိုရင်တော့ မတွေးရဲစရာပါပဲ။


စစ်ကောင်စီက စစ်တပ်ဝင်ငွေကို စစ်ဘက်ဆိုင်ရာမှာ မသုံးပဲ အခြားနေရာမှာ သုံးလိုက်တာကိုပဲ အားလုံးသူက လက်ခံ အားပေးကြရမယ်။

စစ်မြေပြင်မှာနေပြီး အသက်ရှင်သန်နေခြင်းထက် အခြားနေရာမှာနေပြီး အသက် ရှင်သန်နေတာကိုပဲ အားပေးကြရမယ်။


သီရိဓမ္မာသောကမင်းကြီးဟာ လူတွေကို အများကြီး သတ်ခဲ့တယ်၊ မြို့တွေအများကြီးကို သိမ်းခဲ့တယ်၊ မိသားစုပါမချံ သတ်ခဲ့လို့ ကြမ်းတမ်းတဲ့ စဏ္ဍာသောကမင်းအဖြစ် လူသိများခဲ့ကြတယ်။

ဒါပေမယ့် ဗုဒ္ဓဘာသာဖြစ်လာတဲ့အချိန်မှာတော့ ဘုရားတည် ကျောင်းဆောက်နဲ့ပဲ ဘဝကို ရှင်သန်နေခဲ့တယ်။


ဘုရားတည်တဲ့ ပိုက်ဆံ ဝင်ငွေလမ်းကြောင်းက ဘယ်ကလာသလဲ? သေချာစဉ်းစားပြီးမှ အပြစ်ပြောစရာတွေရှိရင် ပြောကြရပါလိမ့်မယ်။ သေချာ မစဉ်းစားပဲ အပြစ်ပြောနေကြတာဟာ စစ်တပ် ဝင်ငွေကို စစ်ဘက်ဆိုင်ရာမှာပဲ အသုံးပြုဖို့ ဖိအားပေးနေသလို ဖြစ်နေပါလိမ့်မယ်။


အဂတိတရား လေးပါးထဲမှာ မစဉ်းစား မဆင်ခြင်ပဲ လုပ်မိလိုက်တဲ့ မောဟာဂတိက အပြစ်ကြီးနေတတ်ပါတယ်။


စေတနာ အပြည့်နဲ့ နှာခေါင်းဖျားမှာ နားနေတဲ့ ယင်ကောင်ကို ဝါးရင်းတုတ်နဲ့ ရိုက်နှင်တဲ့ စေတနာမျိုးကလည်း အန္တရယ်ရှိနိုင်ပါတယ်။


သူများပြောတိုင်း လိုက်ပြောတတ်တာထက် လည်ပတ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ထဲက မူရင်းဇစ်မြစ်ကို ရှာနိုင်ဖိုကပဲ အရေးကြီးပါတယ်။


အရာရာတိုင်းမှာ မူရင်း ဇစ်မြစ်ကို မရှာနိုင်ရင် ပြောသမျှ လုပ်သမျှက မှားနေတတ်ပါတယ်။



Canda Kumara

Recent Posts

See All

ဆုတောင်း အမျှဝေ

ဆုတောင်း၊ အမျှဝေ ဆုတောင်း ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ...

Comments


bottom of page