top of page

ဒီဝါလီ / ဒီပါဝလီ / Diwali / Dipawali / Divali / Dipavali

#ဒီဝါလီနေ့မြတ်မဟာ ^^^^^^^^^^^ ဒီဝါလီနေ့ဟု လူသိများသော ဒီပါဝလီနေ့ကို ဗုဒ္ဓဘာသာ ဟိန္ဒူ သိက်ခာ နေဝါ ဂျိန်းဘာသာတို့က ကျင်းပကြပါသည်။ #ဒီပ၊ ဆီမီး။ #အာဝလိ၊ အစဉ်အတန်း။ ဟု အဓိပ္ပါယ်ရသည့်အတွက် #ဒီဝါလီ နေ့သည် မီးထွန်းပွဲတော်နိပင်ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ဝါကျွတ်လကွယ်နေ့တွင် ကျင်းပသော ဒီဝါလီနေ့သည် 07-11-2018 27-10-2019 14-11-2020 04-11-2021 အောက်တိုဘာလနှင့် နိုဝင်ဘာလတွင်ကျရောက်တတ်ပြီး၊ မြန်မာတို့ရဲ့ ဒီဝါလီအဖြစ် ဘုရားရှင်တာဝတိံသာမှ ဆင်းသက်ရာ ဝါကျွတ်လပြည့်နေ့ကဲ့သို့ ကမ္ဘာအနှံ့ရှိလူတို့သည်.. မီးပူဇော်ခြင်း မီးကွင်းဖြင့် က ခြင်း မီးရှူးမီးပန်းဖြင့် ပူဇော်ခြင်း ဆုတောင်း,မေတ္တာပို့ခြင်း လက်ဆောင်ပစ္စည်းပေးခြင်း အလှူဒါနပြုလုပ်ခြင်း ဘာသာရေး သာသနာရေးကိစ္စကြီးငယ် ဆောင်ရွက်ခြင်း စားသောက်ဖွယ်ရာများကို ဧည့်ခံကျွေးမွေးခြင်း ပျော်ပွဲစားထွက်ခြင်း ချစ်ရေးဆိုခြင်း Shopping ထွက်ခြင်းစသော မိမိတို့ စရိုက်အားသန်ရာ ကုသိုလ်လုပ်ခွင့်ရ ပျော်ရွှင်ခွင့်ရရာ နေ့ထူးနေ့မြတ် မဟာအခါသမယပင်ဖြစ်ပါသည်။ မြန်မာတို့ကား ဝါကျွတ်လပြည့် ပွဲတော်ကို ဘာသာရေးအရ မီးထွန်းပွဲတော်အဖြစ် ကျင်းပပူဇော်ကြလျက်၊ တန်ဆောင်မုန့်လပြည့် ပွဲတော်ကို မြူးမြူးကြွကြွနဲ့ ပျော်ပွဲ နက္ခတ်သဘင်ပွဲအဖြစ် မီးပူဇော်၊ ကန်တော့ပွဲများပြုလုပ်ကာ အပျော်ဆုံးဆင်နွှဲ့ကြပါသည်။ ဦးစန္ဒကုမာရ https://m.facebook.com/story.php?story_fbid=572049469894405&id=541694006263285

Recent Posts

See All
ဗီယက်နမ် ဘုန်းတော်ကြီး Thich Minh Tue ဗုဒ္ဓဂယာသို့ ရောက်တုန်း ရောက်ခေတ်

ဗီယက်နမ် ဘုန်းတော်ကြီး Thich Minh Tue ဗုဒ္ဓဂယာသို့ ရောက်တုန်း ရောက်ခေတ်.... ထေရာဝါဒ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ဝိနယ ပိဋကတ်အကြောင်းကို...

 
 
 

Comments


© 2020 February by CANDA KUMARA /  အရှင် စန္ဒကုမာရ ၊ ၁၃၈၁ ခု ၊ တပို့တွဲလ

bottom of page