top of page
Writer's pictureCanda Kumara

သိင်္ဂါလောဝါဒသုတ်လာ လူသားတို့ လိုက်နာရမည့် ကျင့်ဝတ်များ

သိင်္ဂါလောဝါဒသုတ်လာ လူသားတို့ လိုက်နာရမည့် ကျင့်ဝတ်များ



၁။ တပည့်ကျင့်ဝတ် ငါးပါး

၂။ ဆရာ့ဝတ်တရား ငါးပါး

၃။ လင်ကျင့်ဝတ် ငါးပါး

၄။ မယားဝတ်တရား ငါးပါး

၅။ သားသမီးကျင့်ဝတ် ငါးပါး

၆။ မိဘကျင့်ဝတ် ငါးပါး

၇။ မိတ်ဆွေကျင့်ဝတ် ငါးပါး

၈။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး

၉။ အလုပ်ရှင်ကျင့်ဝတ် ငါးပါး

၁ဝ။ အလုပ်သမားကျင့်ဝတ် ငါးပါး

၁၁။ ဒါယကာကျင့်ဝတ် ငါးပါး

၁၂။ ရဟန်းကျင့်ဝတ် ခြောက်ပါး

၁၃။ နာယက ကျင့်ဝတ် ခြောက်ပါး




"တပည့်ကျင့်ဝတ် ငါးပါး"


ညီညာထကြွ၊ ဆုံးမနာယူ၊

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊

သင်တွေးအံရွတ်၊ တပည့်ဝတ်၊

မချွတ်ငါးခုသာ။




"ဆရာ့ဝတ်တရား ငါးပါး"


အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊

သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊

သင့်ရာအပ်ပို့၊ ဆရာတို့၊

ကျင့်ဖို့ဝတ်ငါးဖြာ။




"လင်ကျင့်ဝတ် ငါးပါး"


မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊

မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊

မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။




"မယားဝတ်တရား ငါးပါး"


အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊

မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊

ပျင်းရိမမှု၊ ဝတ်ငါးဆူ၊

အိမ်သူကျင့်အပ်ရာ။




"သားသမီးကျင့်ဝတ် ငါးပါး"


ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊

မွေခံထိုက်စေ၊ လှုမျှဝေ၍၊

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊

ကျင့်ဖွယ်သားတို့တာ။




"မိဘကျင့်ဝတ် ငါးပါး"


မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊

အတတ်သင်စေ၊ ပေးဝေနှီးရင်း၊

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊

ဖခင်မယ်တို့တာ။




"မိတ်ဆွေကျင့်ဝတ် ငါးပါး"


ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊

စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊

သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊

ကျင့်လေမိတ်သဟာ။




"ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး"


မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊

ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊

သားဖြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊

ဝတ်ငါးဆင့်၊ ပြုကျင့် မိတ်ဆွေများ။




"အလုပ်ရှင်ကျင့်ဝတ် ငါးပါး"


ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊

နာလျှင်ကုစေ၊ ငှဝေရသာ၊

အခါကိုလွှတ်၊ အရှင်ဝတ်၊

မချွတ် ငါးခုသာ။




"အလုပ်သမားကျင့်ဝတ် ငါးပါး"


အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊

ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊

ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။




"ဒါယကာကျင့်ဝတ် ငါးပါး"


မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊

ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊

တတ်အားလှုစေ၊ ဝတ်ငါးထွေ၊

ပြုလေ ဒါယကာ။





"ရဟန်းကျင့်ဝတ် ငါးပါး "


မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊

အသစ်ဟောကျူး၊ နာဖူးထပ်မံ၊

နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊

ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။




"နာယကျင့်ဝတ် ခြောက်ပါး"


ထကြွနိုးကြား၊ သနားသည်းခံ၊

ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊

ကြီးသူ့ ကျင့်ရာတရားတည်း။

Recent Posts

See All

ဆုတောင်း အမျှဝေ

ဆုတောင်း၊ အမျှဝေ ဆုတောင်း ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ...

Comments


bottom of page