top of page
Writer's pictureCanda Kumara

အိန္ဒိယနိုင်ငံတွင် ယခင် BTMC တာဝန်ခံ ဘုန်းတော်ကြီးတစ်ပါး Covid-19 ဖြင့် ပျံလွန်



အိန္ဒိယနိုင်ငံတွင် ယခင် BTMC တာဝန်ခံ ဘုန်းတော်ကြီးတစ်ပါး Covid-19 ဖြင့် ပျံလွန် """"""""""""""""""""""""""""""""""""""""""" ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်၏ စီမံခန့်ခွဲမှု ကော်မတီ (BTMC)တွင် အထွေထွေ အတွင်းရေးမှူးဟောင်း #ဆရာတော်_ဗောဓိပါလသည် ၂၇.၀၇.၂၀၂၀ တနင်္လာနေ့ နံနက်ပိုင်းက ပျံလွန်တော် မူသွားပါသည်။

သက်တော် (၅၂) နှစ်ရှိ ဆရာတော် ဗောဓိပါလသည် မကြာသေးမီက ပရဟိတစိတ်ဓာတ် ပြင်းထန်စွာဖြင့် ကူညီ ကယ်ဆည်ရေးများ ပြုလုပ်ခဲ့ရာတွင် လူထုနှင့် ထိတွေ့ကာ Covid-19 သည် ဆရာတော်ကိုပင် မညှာတာပဲ တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ရပါသည်။ ဆရာတော်သည် ရောဂါ ကူးစက်ခံရပြီး အသက်ရှူမဝ ခံစားနေရစဉ် ပထမ Daffodil ဆေးရုံတွင် တက်ရောက် ကုသခဲ့သည်၊ ဇူလိုင်လ ၂၆ ရက်၊ တနင်္ဂနွေနေ့တွင် #ကာလကတ္တား မုကုနဒါမြို့ရှိ #အမရီ ဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသမှု ခံယူခဲ့သည်။

ဆရာတော်၏ ဇာတိမှာ ဘင်္ဂလားဒေးရှ်၊ အာသံ၊ မြန်မာ အကြားရှိ India, Meghalayan, Shillong ၌ ၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မဂဓတက္ကသိုလ် ဗုဒ္ဓဘာသာ လေ့လာရေးဌာနတွင် ဒေါက်တာဘွဲ့ ရရှိခဲ့ပါသည်။

ဆရာတော်သည်... Bauddha Dharmankur Sabha Bengal Buddhist Association, Kolkata တွင် အထွေထွေ အတွင်းရေးမှူး

Kalchini Karuna Charitable Society, Kalchini, West Bangal ၏ ဥက္ကဋ္ဌ

International Brotherhood Mission, Assam တွင် လက်ထောက် အတွင်းရေးမှူးဖြင့် သာသနာ့ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့ ဆေးပေးခန်း စာသင်ကျောင်းများကိုလည်း ဖွင့်လှစ်ထားပါသည်။

ဆရာတော်သည် ဗုဒ္ဓဘာသာ သတင်းဆောင်ပါးများစွာတို့ကို ဂျာနယ် မဂ္ဂဇင်းများတွင် ရေးသားပြီး၊ Editor တာဝန်ကိုလည်း ထမ်းဆောင်သည်။

ဆရာတော်ကို လူအချို့က မေးကြသည်မှာ "ဆရာတော် ဘယ်မှာ ကျောင်ထိုင်နေသလဲ?ဟု မေးခွန်းပင် ဖြစ်သည်။ ဆရာတော်က ပြန်ဖြေကြားရာတွင် "ခြေသလုံး အိမ်တိုင်ဖြင့် ပရဟိတကို စိတ်ဝင်စားကြောင်း" အဖြေပေးလေ့ရှိပါသည်။

ဆရာတော်၏ သက်တမ်း တစ်လျောက်တွင် တစ်ကြိမ်တစ်ခါမျှ မဖော်ပြဖူးသော "ရခိုင်မဟာမုနိ ဘုရားပုံတော်"ဖြင့် ကုန်သည်တစ်ဦး ဥပမာပြုကာ အသက် ဉာဏ်စောင့်ကြောင်း နောက်ဆုံး အသိပေးတရား ဟောကြားခဲ့သည်ကို ထူးခြားစွာ တွေ့မြင်ရပါသည်။

ဆရာတော်သည် Bauddha Dharmankur Sabha Bengal Buddhist Association, Kolkata ကျောင်း၌ (၇) ဝါကြာ ပြည်တွင်းပြည်ပ သာသနာပြု တာဝန်ကို နောက်ဆုံးအချိန်ထိ ထမ်းဆောင်ခဲ့ပါသည်။

ဆရာတော် ပျံလွန်တော်မူပြီးနောက် Dr. Kali Charan Singh Yadav, Dr. Ram Swaroop Singh, Dr. Sushil Kumar Singh (မဂဓတက္ကသိုလ် ဗုဒ္ဓဘာသာ လေ့လာရေးဌာန ပါမောက္ခ), Dr. ဗိဿျှနိုး Shankar (မဂဓတက္ကသိုလ် ဗုဒ္ဓဘာသာ လေ့လာရေးဌာန ကထိက), BTMC ဘုန်းတော်ကြီး Manoj စသည်တို့က အလွန်ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါသည်။

အားလုံးသူက "ဆရာတော်သည် ပြည်တွင်း ပြည်ပတွင် လူသိအများဆုံး ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးဖြစ်သည်"ဟု ပြောဆိုခဲ့ကြသည်။ ဆရာတော် ပျံလွန်တော်မူသွားရသည်မှာ ဗုဒ္ဓဘာသာအတွက် အလွန်ပင် နစ်နာရသည်"ဟု ဝမ်းနည်းစွာ မှတ်ချက်ပြု ပြောကြားခဲ့ကြပါသည်။

*******************************



အိႏၵိယႏိုင္ငံတြင္ ယခင္ BTMC တာဝန္ခံ ဘုန္းေတာ္ႀကီးတစ္ပါး Covid-19 ျဖင့္ ပ်ံလြန္ """"""""""""""""""""""""""""""""""""""""""" ဗုဒၶဂါယာရွိ မဟာေဗာဓိေစတီေတာ္၏ စီမံခန႔္ခြဲမႈ ေကာ္မတီ (BTMC)တြင္ အေထြေထြ အတြင္းေရးမႉးေဟာင္း #ဆရာေတာ္_ေဗာဓိပါလသည္ ၂၇.၀၇.၂၀၂၀ တနလၤာေန႔ နံနက္ပိုင္းက ပ်ံလြန္ေတာ္ မူသြားပါသည္။

သက္ေတာ္ (၅၂) ႏွစ္ရွိ ဆရာေတာ္ ေဗာဓိပါလသည္ မၾကာေသးမီက ပရဟိတစိတ္ဓာတ္ ျပင္းထန္စြာျဖင့္ ကူညီ ကယ္ဆည္ေရးမ်ား ျပဳလုပ္ခဲ့ရာတြင္ လူထုႏွင့္ ထိေတြ႕ကာ Covid-19 သည္ ဆရာေတာ္ကိုပင္ မညႇာတာပဲ တိုက္ခိုက္ခဲ့သည္ဟု ယုံၾကည္ရပါသည္။ ဆရာေတာ္သည္ ေရာဂါ ကူးစက္ခံရၿပီး အသက္ရႉမဝ ခံစားေနရစဥ္ ပထမ Daffodil ေဆး႐ုံတြင္ တက္ေရာက္ ကုသခဲ့သည္၊ ဇူလိုင္လ ၂၆ ရက္၊ တနဂၤေႏြေန႔တြင္ #ကာလကတၱား မုကုနဒါၿမိဳ႕ရွိ #အမရီ ေဆး႐ုံသို႔ ေျပာင္းေ႐ႊ႕ ေဆးကုသမႈ ခံယူခဲ့သည္။

ဆရာေတာ္၏ ဇာတိမွာ ဘဂၤလားေဒးရွ္၊ အာသံ၊ ျမန္မာ အၾကားရွိ India, Meghalayan, Shillong ၌ ၁၉၆၈ ခုႏွစ္တြင္ ေမြးဖြားခဲ့သည္။ မဂဓတကၠသိုလ္ ဗုဒၶဘာသာ ေလ့လာေရးဌာနတြင္ ေဒါက္တာဘြဲ႕ ရရွိခဲ့ပါသည္။

ဆရာေတာ္သည္... Bauddha Dharmankur Sabha Bengal Buddhist Association, Kolkata တြင္ အေထြေထြ အတြင္းေရးမႉး

Kalchini Karuna Charitable Society, Kalchini, West Bangal ၏ ဥကၠ႒

International Brotherhood Mission, Assam တြင္ လက္ေထာက္ အတြင္းေရးမႉးျဖင့္ သာသနာ့ တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ပါသည္။

ဆင္းရဲႏြမ္းပါးသူမ်ားအတြက္ အခမဲ့ ေဆးေပးခန္း စာသင္ေက်ာင္းမ်ားကိုလည္း ဖြင့္လွစ္ထားပါသည္။

ဆရာေတာ္သည္ ဗုဒၶဘာသာ သတင္းေဆာင္ပါးမ်ားစြာတို႔ကို ဂ်ာနယ္ မဂၢဇင္းမ်ားတြင္ ေရးသားၿပီး၊ Editor တာဝန္ကိုလည္း ထမ္းေဆာင္သည္။

ဆရာေတာ္ကို လူအခ်ိဳ႕က ေမးၾကသည္မွာ "ဆရာေတာ္ ဘယ္မွာ ေက်ာင္ထိုင္ေနသလဲ?ဟု ေမးခြန္းပင္ ျဖစ္သည္။ ဆရာေတာ္က ျပန္ေျဖၾကားရာတြင္ "ေျခသလုံး အိမ္တိုင္ျဖင့္ ပရဟိတကို စိတ္ဝင္စားေၾကာင္း" အေျဖေပးေလ့ရွိပါသည္။

ဆရာေတာ္၏ သက္တမ္း တစ္ေလ်ာက္တြင္ တစ္ႀကိမ္တစ္ခါမွ် မေဖာ္ျပဖူးေသာ "ရခိုင္မဟာမုနိ ဘုရားပုံေတာ္"ျဖင့္ ကုန္သည္တစ္ဦး ဥပမာျပဳကာ အသက္ ဉာဏ္ေစာင့္ေၾကာင္း ေနာက္ဆုံး အသိေပးတရား ေဟာၾကားခဲ့သည္ကို ထူးျခားစြာ ေတြ႕ျမင္ရပါသည္။

ဆရာေတာ္သည္ Bauddha Dharmankur Sabha Bengal Buddhist Association, Kolkata ေက်ာင္း၌ (၇) ဝါၾကာ ျပည္တြင္းျပည္ပ သာသနာျပဳ တာဝန္ကို ေနာက္ဆုံးအခ်ိန္ထိ ထမ္းေဆာင္ခဲ့ပါသည္။

ဆရာေတာ္ ပ်ံလြန္ေတာ္မူၿပီးေနာက္ Dr. Kali Charan Singh Yadav, Dr. Ram Swaroop Singh, Dr. Sushil Kumar Singh (မဂဓတကၠသိုလ္ ဗုဒၶဘာသာ ေလ့လာေရးဌာန ပါေမာကၡ), Dr. ဗိႆွ်ႏိုး Shankar (မဂဓတကၠသိုလ္ ဗုဒၶဘာသာ ေလ့လာေရးဌာန ကထိက), BTMC ဘုန္းေတာ္ႀကီး Manoj စသည္တို႔က အလြန္ဝမ္းနည္းေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ၾကပါသည္။

အားလုံးသူက "ဆရာေတာ္သည္ ျပည္တြင္း ျပည္ပတြင္ လူသိအမ်ားဆုံး ဗုဒၶဘာသာ ဆရာေတာ္တစ္ပါးျဖစ္သည္"ဟု ေျပာဆိုခဲ့ၾကသည္။ ဆရာေတာ္ ပ်ံလြန္ေတာ္မူသြားရသည္မွာ ဗုဒၶဘာသာအတြက္ အလြန္ပင္ နစ္နာရသည္"ဟု ဝမ္းနည္းစြာ မွတ္ခ်က္ျပဳ ေျပာၾကားခဲ့ၾကပါသည္။





Recent Posts

See All

ဆုတောင်း အမျှဝေ

ဆုတောင်း၊ အမျှဝေ ဆုတောင်း ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ...

Comments


bottom of page