top of page
Writer's pictureCanda Kumara

အစိန္တေယျ ဘုရားရှိခိုး ၊ ပါဠိ - အနက် - အဓိပ္ပါယ် စုံလင်စွာ

အစိန္တေယျ ဗုဒ္ဓဝန္ဒနာ

(ပါဠိဘာသာ ဘုရားရှိခိုး)


အစိန္တေယျ အစိန္တေယျ အစိန္တေယျ၊ အပ္ပမေယျ အပ္ပမေယျ အပ္ပမေယျ၊ အစိန္တေယျတာ အပ္ပမေယျတာ အတုလာဒိဂုဏေဟိ သမန္နာဂတံ အရဟတာဒိ နဝဟိ ဂုဏေဟိ၊ စတူဟိ အစိန္တေယျေဟိ၊ ဆဟိ ဂုဏေဟိ၊ ဒသဟိ ဒသဗလဉာဏေဟိ၊ ပန္နရသဟိ စရဏဓမ္မေဟိ၊ သမန္နာဂတံ သဇီဝံ ဘဂဝန္တံ ဥဒိဿ၊ သောမနဿ သဟဂတ ဉာဏ သမ္ပယုတ္တ၊ ပထမ အသင်္ခါရိက စေတနာယ၊ ကာယ ပဏာမ၊ ဝစီ ပဏာမ၊ မနော ပဏာမာဟိ၊ တီဟိ ကမ္မေဟိ၊ တီဟိ ဒွါရေဟိ၊ ပသာဒံ ဇနေတွာ၊ ဂါရဝံ ကတွာ၊ အဉ္ဇလိံ ကတွာ၊ ပုဇံ ကတွာ၊ နိဟတမာနော ဟုတွာ၊ ဝန္ဒာမိ ဘန္တေ။


ဣမိနာ ပုညကမ္မေန၊ စတူဟိ အပါယေဟိ၊ တီဟိ ကပ္ပေဟိ၊ အဋ္ဌဟိ အက္ခဏေဟိ၊ ပဉ္စဟိ ဝေရေဟိ၊ အဋ္ဌဟိ ဘယေဟိ၊ ဒသဟိ ဒဏ္ဍေဟိ၊ ဆနဝုတီဟိ ရောဂေဟိ၊ သဗ္ဗဒါ ဝူပသန္တော ဟုတွာ၊ စရိမေ မဂ္ဂဖလ၊ နိဗ္ဗာန သင်္ခါတံ၊ ပဏီတဓမ္မံ၊ အဂ္ဂဓမ္မံ၊ လဘေယျာမျာ'ဟံ ဘန္တေ။ (လဘေယျာမ မယံ ဘန္တေ)။


*************************************


အစိန္တေယျ ဘုရားရှိခိုး

(မြန်မာပြန် ဘုရားရှိခိုး)


အစိန္တေယျ၊ အစိန္တေယျ၊ အစိန္တေယျ၊ အပ္ပမေယျ၊ အပ္ပမေယျ၊ အပ္ပမေယျ၊ မနှိုင်းယှဉ်၊ မရေတွက်၊ မတုဖက်အပ်ကုန်သော၊ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်မြတ်အပေါင်းတို့နှင့်၊ ပြည့်စုံတော်မူသော၊ အရဟံအစ၊ ဘဂဝါ အဆုံးရှိသော၊ ကိုးပါးသောဂုဏ်တော်၊ အစိန္တေယျလေးဖော်၊ ဘုန်းတော်ခြောက်ပါး၊ ဉာဏ်တော်ဆယ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့်၊ ပြည့်စုံတော်မူသော၊ မြတ်စွာဘုရား၊ ကိုယ်တော်မြတ်၊ သက်တော်ထင်ရှားရှိသည်ကို၊ ဘုရားတပည့်တော်၊ စိတ်က ရည်မှန်း၍၊ သောမနဿသဟဂုတ်၊ ဉာဏသမ္ပယုတ်၊ ပဌမအသင်္ခါရိက၊ စေတနာဖြင့်၊ ကာယပဏာမ၊ ဝစီပဏာပ၊ မနော ပဏာမတည်းဟူသော၊ သုံးဖြာသောကံ၊ သုံးတန်ဒွါရ၊ ပဏာမဖြင့်၊ ကြည်စွသဒ္ဓါ၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၍၊ ရှိခိုးပူဇော်၊ ဖူးမျှော်မှန်လျှော့၊ ကန်တော့ပါ၏ အရှင်ဘုရား။


ကန်တော့ရသော၊ အကျိုးအားကြောင့်၊ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါး၊ ရောဂါအနာမျိုး၊ ကိုးဆယ့်ခြောက်ပါးတို့မှ၊ အခါခပ်သိမ်း၊ ကင်းငြိမ်းလွတ်ပျောက်၊ မရောက်

သည်သာဖြစ်၍၊ အဆုံးစွန်သော ဘဝ၌၊ မဂ်တရား၊ ဖိုလ်တရား၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ချမ်းသာ၊ တရားတော်မြတ်၊ တရားတော်အထွဋ်ကို၊ ရပါရလို၏၊ အရှင်ဘုရား။




#၉_ပါးသော_ဂုဏ်တော်


ဗုဒ္ဓနှင့်စပ်၍ ဂုဏ်တော်အနန္တရှိသော်လည်း ပိဋကတ်တော်၌ ထင်ရှား၍ လူအများ အသိအမှတ်ပြု ရှိခိုးကြသော ဂုဏ်တော် ၉-ပါး ဟူ၏။


(၁) အရဟံ ဂုဏ်တော်- လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူသမျှတို့၏ ပူဇော်အထူးကို ခံထိုက်သော ဂုဏ်၊

(၂) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်-တရားအပေါင်းကို ကောင်းမှန်စွာသိတော်မူသောဂုဏ်၊

(၃) ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်-နိဗ္ဗာန်ရောက်ကြောင်း ဝိဇ္ဇာစရဏ တရားအပေါင်းနှင့်ပြည့်စုံတော်မူသော ဂုဏ်၊

(၄) သုဂတ ဂုဏ်တော်-ကမ္ဘာသားတို့ ချမ်းသာရေးအတွက် ကောင်းစွာ ကြွလာခြင်း နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားတော်မူခြင်း ဂုဏ်၊

(၅) လောကဝိဒူ ဂုဏ်တော်- လောကဓာတ် အနန္တ၌ ဖြစ်ရှိသမျှတို့ကို ကုန်အောင် စုံအောင် သိတော်မူသော ဂုဏ်၊

(၆) အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်- မယဉ်ကျေးသော လူကြမ်း, နတ်ဆိုး, တိရစ္ဆာန်အမျိုးမျိုးတို့ကို ယဉ်ကျေးလိမ်မာစေရာ၌ အတုမဲ့ဖြစ်သော ဂုဏ်၊

(၇) သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်-လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူသမျှတို့၏ဆရာဖြစ်တော်မူသော ဂုဏ်၊

(၈) ဗုဒ္ဓေါ ဂုဏ်တော်-သစ္စာလေးပါး အမှန်တရားတို့ကို သူတပါးတို့အား ကွဲပြားစွာ သိစေတော်မူတတ်သော ဂုဏ်၊

(၉) ဘဂဝါ ဂုဏ်တော်-သူမတူအောင် ဘုန်းတော်ရှင် ဖြစ်သော ဂုဏ်။


********************


အစိန္တေယျ လေးဖော်


မကြံစည် မယုံမှားအပ်သောတရား ၄-ပါး၊ ဣမာနိ အစိန္တိယာနိ အစိန္တန္တော ဥမ္မာဒဿီ ဝိဃာတဿ ဘာဂီ ဟောတိ - ဤလေးပါးတို့ကို ကြံစည်သောသူအား ရူးသွပ်ခြင်းဖေါက်ပြန်ခြင်းအဖို့ရှိ၏။


(၁) ဗုဒ္ဓဝိသယော အစိန္တိယော - ဘုရား၏အရာကို မကြံစည်အပ်၊


(၂) ဈာနဝိသယော အစိန္တိယော - ဈာန်တန်ခိုး၏အရာကို မကြံစည်အပ်၊


(၃) ကမ္မဝိပါကော အစိန္တိယော -ကံ၏အကျိုးကို မကြံစည်အပ်၊


(၄) လောကသဏ္ဍာဟနော အစိန္တိယော - လောကဓါတ်တည်ခြင်းကို မကြံစည်အပ်။

သုတ်သီလက္ခန် အဋ္ဌကထာ ၂၃


*******************************


ဘုန်းတော် ၆ ပါး


(၁) ဣဿရိယ ဘုန်းတော်- ကိုယ်တော်ကို အဏုမြူပမာဏ, သို့မဟုတ် စကြဝဠာပြည့်အောင် စသည်ဖန်ဆင်းတော်မူနိုင်ခြင်း၊

(၂) ဓမ္မ ဘုန်းတော်- ပညာ ဉာဏ် ကြီးခြင်း၊

(၃) ယသ ဘုန်းတော်- အခြံအရံ များခြင်း, ကျော်စောခြင်း၊

(၄) သိရီ ဘုန်းတော်- ကျက်သရေ မင်္ဂလာ အဖြာဖြာတို့ဖြင့် တင့်တယ်တော်မူခြင်း၊

(၅) ကာမ ဘုန်းတော်- ကိုယ်တော်မြတ်၏ အလိုတော် ခပ်သိမ်းကို ပြီးငြိမ်းစေနိုင်၊

(၆) ပယတ္တ ဘုန်းတော်- အား, လုံ့လတော်နှင့်ပြီး ပြည့်စုံတော်မူခြင်း။


*************************


ဉာဏ်တော် ၁၀-ပါး


ဘုရားရှင်၏ ဉာဏ်တော်အနန္တတို့တွင် ထင်ရှားသော ဉာဏ်တော်များ

(၁) ဌာနာဋ္ဌာန ကောသလ္လဉာဏ်- အကြောင်း ဟုတ် မဟုတ်သိသောဉာဏ်၊

(၂) ဝိပါကဉာဏ်- ကောင်းကျိုးမကောင်းကျိုးကို သိသောဉာဏ်၊

(၃) သဗ္ဗတ္ထ ဂါမိနီဉာဏ်- သတ္တဝါတို့ လားရာသွားရာ ကုန်အောင်အစုံသိသောဉာဏ်၊

(၄) နာနာဓါတုဉာဏ်- အထူးထူးသော ဓါတ်တို့ကိုသိသောဉာဏ်၊

(၅) အဓိမုတ္တိဉာဏ်- အလိုဆန္ဒအားလုံးကို သိသောဉာဏ်၊

(၆) ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်- ဣန္ဒြေနုရင့်ကိုသိသောဉာဏ်၊

(၇) ဈာနာဒိ သံကိလေသဉာဏ်- ဈာန်, ဝိမောက္ခ, သမာဓိ , သမာပတ်, စသည်တို့၏ ညစ်ညူးကြောင်းကိုသိသောဉာဏ်၊

(၈) ပုဗ္ဗေနိဝါသဉာဏ်- ရှေးဖြစ်ဟောင်း ဘဝခန္ဓာစဉ်ကိုသိသောဉာဏ်၊

(၉) ဒိဗ္ဗစက္ခုဉာဏ်- နတ်မျက်စိကဲ့သို့ အလင်းရောင်ခြည် အားကောင်းသော အဘိညာဉ်မျက်စိဉာဏ်၊

(၁၀) အာသဝက္ခယဉာဏ်- အရဟတ္တမဂ်ဉာဏ်။

နေတ္တိ။ ပါ။ ၇၆။ ဋ္ဌ။ ၁၅၅


*********************


စရဏတရား ၁၅-ပါး


နိဗ္ဗာန်သွားကြောင်း ခြေချောင်းနှင့်တူသော တရားများ

၁ သီလသံဝရ၊

၂ ဣန္ဒြိယေသု ဂုတ္တဒွါရတာ၊

၃ ဘောဇနေ မတ္တညုတ၊

၄ ဇာဂရိယာ နုယောဂ၊

၅ သဒ္ဓါ၊

၆ သတိ၊

၇ ဟိရီ၊

၈ သြတ္တပ္ပ၊

၉ ဗာဟုသစ္စ၊

၁၀ ဝီရိယ၊

၁၁ ပညာ၊

၁၂ ပဌမဈာန်၊

၁၃ ဒုတိယဈာန်၊

၁၄ တတိယဈာန်၊

၁၅ စတုတ္ထဈာန်။ (စတုက္ကနည်း)

သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၂၀၃။


************************


ကံ သုံးပါး၊ ဒွါရ သုံးပါ

ကာယ၊ ဝစီ၊ မနော


***************************


အပါယ်(၄)ပါး

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၄။ အသူရကာယ်


******************************


ကပ်(၃)ပါး

(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း


(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း


(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း


****************************


ရပ်ပြစ်(၈)ပါး

သာသနာတွင်း အခါမျိုး၌

(၁) ငရဲဘုံ၌ ဖြစ်သောသူ၊

(၂) တိရစ္ဆာန်ဘုံ၌ ဖြစ်သောသူ၊

(၃) ပြိတ္တာဘုံ၌ ဖြစ်သောသူ၊

(၄) အသညသတ်ပုံ, အရူပဘုံတို့၌ ဖြစ်နေသူ၊

(၅) မဇ္ဈိမတိုက် ဘုရားပွင့်ခိုက်၌ ပဋိသန္ဓေအားဖြင့် ချို့တဲ့စွာ လူဖြစ်နေသူ၊

(၆) မဇ္ဈိမတိုက်ဘုရားလက်ထက်၌ တိဟိတ်ပဋိသန္ဓေ တည်နေသူ ဖြစ်လျက် မိစ္ဆာဒိဋ္ဌိ ယူနေသူ၊

(၇) မစ္စန္တရဌ်ခေါ် သာသနာမဲ့ရာ အရပ်မျိုး၊

(၈) ဗုဒ္ဓသုညခေါ် သုညကမ္ဘာ၌ မဇ္ဈိမတိုက်သားစု။

အင်္ဂုတ္တရ ။ပါ။၆၀။ဋ္ဌ။ ၄၄။ သုတ်ပါထေယျ။ပါ။ ၂၄၈။ဋ္ဌ။၂၄၆။ဝိမာနဝတ္ထု။ဋ္ဌ။၁၁၇


****************************


ရန်သူမျိုး(၅)ပါး

၁။ မင်း

၂။ ရေ

၃။ မီး

၄။ ခိုးသူ

၅။ မချစ်မနှစ်သက်သောသူ


******************************


ဘေးရှစ်ပါး

သတ်ဖြတ်ညှင်းဆဲ ကိုက်ခဲ နှိပ်စက် ဖျက်ဆီးတတ်ရှောင်း ဘေးရန်အပေါင်း။

၁။ အဟိ – မြွေကင်း၎င်း၊

၂။ စောရ – ခိုးသားဓားမြသည်၎င်း၊

၃။ ဗျဂ္ဃ – ကျားရဲ သစ်ရဲသည်၎င်း၊

၄။ သီဟ – ခြင်္သေ့သည်၎င်း၊

၅။ ဟတ္ထိ စဏ္ဍ (ကရိ) – ဆင်ရိုင်း၎င်း၊

၆။ ရာဇာ – မင်း၎င်း၊

၇။ ဝါရိ – ရေ၎င်း၊

၈။ တေဇော – မီး၎င်း၊


**************************


ပရိကြီး နိဒါန်းလာ ဘေးများ


၁။ ရာဇတောဝါ၊ မင်းဘေး၎င်း

၂။ စောရတောဝါ၊ ခိုးသူဘေး၎င်း

၃။ မနုဿတောဝါ၊ လူရိုင်းဘေး၎င်း

၄။ အမနုဿတောဝါ၊ နတ်ဆိုးဘေး၎င်း

၅။ အဂ္ဂိတောဝါ၊ မီးဘေး၎င်း

၆။ ဥဒကတောဝါ၊ ရေးဘေး၎င်း

၇။ ပိသာစတောဝါ၊ ပြိတ္တာဘေး၎င်း

၈။ ခါဏုကတောဝါ၊ သစ်ငုပ် ခလုတ်ဘေး၎င်း

၉။ ကဏ္ဋကတောဝါ၊ ဆူးငြောင့်ဘေး၎င်း

၁၀။ နက္ခတ္တတောဝါ၊ မကောင်သော နက္ခတ်ဘေး၎င်း

၁၁။ ဇနပဒရောဂတောဝါ၊ တောရွာ၌ဖြစ်သော ရောဂါဘေး

၁၂။ အသဒ္ဓမ္မတောဝါ၊ လူယုတ်မာအကျင့်ဘေး၎င်း

၁၃။ အသန္ဒိဋ္ဌိတောဝါ၊ မိစ္ဆာဒိဋ္ဌိ အယူဘေး၎င်း

၁၄။ အသပ္ပုရိသတောဝါ၊ သူယုတ်မာဘေး၎င်း

၁၅။ စဏ္ဍဟတ္ထိတောဝါ၊ ဆင်ရိုင်းဘေး၎င်း

၁၆။ စဏ္ဍအဿတောဝါ၊ မြင်းရိုင်းဘေး၎င်း

၁၇။ စဏ္ဍမိဂတောဝါ၊ သားရဲဘေး၎င်း

၁၈။ စဏ္ဍဂေါဏတောဝါ၊ နွားဆိုးဘေး၎င်း

၁၉။ စဏ္ဍကုက္ကုရတောဝါ၊ ခွေးရူးဘေး၎င်း

၂၀။ အဟိတောဝါ၊ မြွေဘေး၎င်း

၂၁။ ဝိစ္ဆိကတောဝါ၊ ကင်းမြီးကောက်ဘေး၎င်း

၂၂။ မဏိသပ္ပတောဝါ၊ မြေစိမ်းဘေး၎င်း

၂၃။ ဒီပိတောဝါ၊ ကျားသစ်ဘေး၎င်း

၂၄။ အစ္ဆတောဝါ၊ ဝက်ဝံဘေး၎င်း

၂၅။ တရစ္ဆတောဝါ၊ အောင်းဘေး၎င်း

၂၆။ သုကရတောဝါ၊ ဝက်ရူးဘေး၎င်း

၂၇။ မဟိံသတောဝါ၊ ကျွဲရိုင်းဘေး၎င်း

၂၈။ ယက္ခတောဝါ၊ ဘီလူးဘေး၎င်း

၂၉။ ရက္ခသတောဝါ၊ ရက္ခိုသ်ဘီလူးဘေး စသော ဘေးများ၎င်း။


လူဘေး (၆)မျိုး

ရာဇ၊ စောရ၊ မနုဿ၊ အသဒ္ဓမ္မ၊ အသန္ဒိဋ္ဌိ၊ အသပ္ပုရိသ၊


နတ်ဘေး (၄)မျိုး

အမနုဿ၊ ပိသာစ၊ ယက္ခ၊ ရက္ခသ


တိရစ္ဆာန်ဘေး (၁၃)မျိုး

ဟတ္ထိ၊ အဿ၊ မိဂ၊ ဂေါဏ၊ ကုက္ကုရ၊ အဟိ၊ ဝိစ္ဆိက၊ မဏိသပ္ပ၊ ဒီပိ၊ အစ္ဆ၊ တရစ္ဆ၊ သုကရ၊ မဟိံသ၊


ရောဂါဘေး (၄)မျိုး

ခါဏုက၊ ကဏ္ဋက၊ နက္ခတ္တ၊ ဇနပဒရောဂ၊


သဘာဝဘေး (၂)မျိုး

အဂ္ဂိ၊ ဥဒက၊


*************************


ပိဋကတ်တော်လာ ဘေးကြီး ၂၅ ပါး


များသောအားဖြင့် ကျေးဇူးရှင် ဆယ်ပါးကို ပြစ်မှားသူတို့ ခံရတတ်သည်။


၁။ ဆွေမျိုးတို့၏ပျက်စီးသောဘေး၊

၂။ ရောဂါ ဝေဒနာ နှိပ်စက်ခြင်းဘေး၊

၃။ ဥစ္စာ ပျက်စီးခြင်း ဘေး၊

၄။ သီလပျက်စီးခြင်းဘေး၊

၅။ အယူပျက်စီးခြင်းဘေး၊

၆။ မင်း ဘေး၊

၇။ ခိုးသူ ဘေး၊

၈။ ရန်သူ ဘေး၊

၉။ ငတ်မွတ်သော ဘေး၊

၁၀။ မီး ဘေး၊

၁၁။ ရေ ဘေး၊

၁၂။ လှိုင်းတံပိုး ဘေး၊

၁၃။ ရေဝဲ ဘေး၊

၁၄။ မိကျောင်း ဘေး၊

၁၅။ မကာရ်း ငါးရဲ ဘေး၊

၁၆။ မိမိကိုယ်ကို နောင်တ ပူပန်ခြင်း ဘေး၊

၁၇။ သူတထူး စွပ်စွဲခြင်း ဘေး၊

၁၈။ နှုတ်ဒဏ် လက်ဒဏ် ကြေးဒဏ် သင့်သော ဘေး၊

၁၉။ မကောင်းသော အဖြစ်သို့ လားရာသော ဘေး၊

၂၀။ ပရိသတ်အလယ်၌ ရှက်ရွံ့သော ဘေး၊

၂၁။ သူတပါးကို အမှီပြု၍ အသက်မွေးရသော ဘေး၊

၂၂။ ပဋိသန္ဓေ နေရခြင်း ဘေး၊

၂၃။ အိုရခြင်း ဘေး၊

၂၄။ နာရခြင်း ဘေး၊

၂၅။ သေရခြင်း ဘေး၊


အဘိဓမ္မာ သမ္မောဟဝိနောဒနီ အဋ္ဌကထာ။ ၄၇၇။ ၄၈၄။၄၈၇။ ပဉ္စပကြိုဏ်။ဋ္ဌ။ ၃၆။မိလိန္ဒပဥှာ။ပါ။၁၉၄


******************************



ဒဏ် ၁၀-ပါး


လောက၌ ခင်ပွန်းကြီး ၁၀-ပါးခေါ် ကျေးဇူးရှင်ကြီးဆယ်ပါးကို ပြစ်မှားခြင်းကြောင့်ရရှိသော အပြစ်ကြီး ၁၀ ပါး။

(၁) ဖရုသ ဝေဒနာ- ကြမ်းတမ်းစွာ ဦးခေါင်းနာ စသည် ကပ်ရောက်ခြင်း၊

(၂) ဟာနိ- စည်းစိမ်စသည် ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း၊

(၃) သရီရ ဘေဒန- လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း၊

(၄) ဂရုကာဗာဓ-ဆေးကု၍မရ၊ ကြီးလေးစွာသောအနာ ကပ်ရောက်ခြင်း၊

(၅) စိတ္တက္ခေပ- ရူးသွပ်ခြင်း၊ စိတ်ပျံ့လေလွင့်ခြင်း၊

(၆) ရာဇူပသဂ္ဂ- မင်းဘေး မင်းဒဏ်သင့်ခြင်း၊

(၇) ဒါရုဏဗ္ဘက္ခာန- ရုန့်ကြမ်းစွာ စွပ်စွဲခံရခြင်း၊

(၈) ဉာတိပရိက္ခယ- ဆွေမျိုး ပြုန်းတီးပျက်စီးခြင်း၊

(၉) ဘောဂပတင်္ဂု- စည်းစိမ်အခြွေအရံ ပျက်စီးခြင်း၊

(၁၀) အာဂါရဂ္ဂိ ဒုယှန- နေရာ၊ တိုက်၊ အိမ်၊ အဆောက်အဦးကို မီးသင့်လောင်ကျွမ်းခြင်း။

အပါဒါန်။ ဋ္ဌ။ ၂၇၁။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၁၅။ ၎င်းင်း။ ဋ္ဌ။ ဒု-အုပ်၊ ၄၄-တို့၌ အကျယ်ရှု။


*********************************


အနာမျိုး ၉၆-ပါး


သည်းခြေနာ ၃၂-ပါး၊

သလိပ်နာ ၃၂-ပါး၊

လေနာ ၃၂-ပါး၊

ပေါင်း အနာမျိုး ၉၆-ပါးဖြစ်သတည်း။


(၁) စက္ခု ရောဂေါ- မျက်စိ၌ဖြစ်သောအနာ၊

(၂) သောတ ရောဂေါ-နားတွင်း၌ဖြစ်သောအနာ၊

(၃) ဃာနရောဂေါ- နှာခေါင်းတွင်း၌ဖြစ်သောအနာ၊

(၄) ဇိဝှာ ရောဂေါ- လျှာ၌ဖြစ်သောအနာ၊

(၅) ကာယ ရောဂေါ- ကိုယ်၌ဖြစ်သောအနာ၊

(၆) သီသ ရောဂေါ- ဦးခေါင်း၌ဖြစ်သော အနာ၊

(၇) ကဏ္ဏ ရောဂေါ- နားရွက်၌ဖြစ်သောအနာ၊

(၈) မုခ ရောဂေါ- ခံတွင်း၌ဖြစ်သောအနာ၊

(၉) ဒန္တ ရောဂေါ- သွား၌ဖြစ်သောအနာ၊

(၁၀) ကာသော- ချောင်းဆိုးနာ၊

(၁၁)သာသော- ကြို့ထိုးနာ၊

(၁၂) ပိနာသော- နှာခေါင်းအာဝ၌ဖြစ်သောအနာ၊

(၁၃) ဍာဟော- တစ်ကိုယ်လုံးပူစေတတ်သောအနာ၊

(၁၄) ဇရော- ဖျားသောအနာ၊

(၁၅) ကုစ္ဆိရောဂေါ- ဝမ်း၌ဖြစ်သောအနာ၊

(၁၆) မုစ္ဆာ- တွေဝေမေ့မောစေတတ်သောအနာ၊

(၁၇) ပက္ခန္ဒိကာ- သွေးကိုသွန်အန်တတ်သော ဝမ်းလေနာ၊

(၁၈) သူလာ- ထိုးကျင်စေတတ်သောဝမ်းလေနာ၊

(၁၉) ဝိသုစိကာ- ကြီးစွာဝမ်းလျှောကျသော အနာç ကာလနာ၊

(၂၀) ကူဋ္ဌံ- နူနာ၊

(၂၁) ဂဏ္ဍော- အိုင်းနာ မြင်းဖု စသောအနာ၊

(၂၂) ကိလာသော- ညှင်း တင်းထိပ်နာ၊

(၂၃) သောသော-အဆုတ်နာ၊ ကုတ်ဟီးနာ၊ ပန်းနာ၊

(၂၄) ဒဒ္ဒု- ပွေးနာ၊

(၂၅) ကစ္ဆု- ဝဲကြီးဝဲစိုနာ၊

(၂၆) ကဏ္ဍု- ဝဲငယ် ဝဲခြောက်နာ။

(၂၇) ဝတစ္ဆိကာ- ခြေဖဝါး၊ လက်ဖဝါးပြင်တို့၌ အမျှင်အမျှင်ကွဲအက်သောအနာ၊

(၂၈) လောဟိပိတ္တံ- သွေးသည်းခြေနာ၊ သို့မဟုတ် နီသောသည်းခြေနာ၊

(၂၉) မဓုမေဟော- ဆီးချိုနာ၊

(၃၀) အံသာ- အရိယိုနာ၊

(၃၁) ဝိဠကာ- ထွတ်မြင်းနာ ဖေါယောင်နာ၊

(၃၂) ဘဂန္ဒလာ- ဂယင်ဂျီနာ, ဘင်နာ, ဘဂန္ဒိုလ်နာ၊


(က) နခသာ-ခြေသည်းလက်သည်းတို့ဖြင့်ခြစ်မိရာအရပ်က ဖြစ်ပေါ်သောအနာ၊

(ခ) အပ္ပမာရော- ဝက်ရူး၊ ကြက်ရူး၊ နတ်ဘီလူး ဖမ်းစားသောအနာမျိုး၊


ဤပါဠိတော်မြတ်၌ မျက်စိနာအစ ဘဂန္ဒိုလ်နာ အဆုံးရှိသော ၃၄-ပါးတို့တွင် "နခသာ, အပ္ပမာရော" ၎င်းအနာ ၂-ပါးမှာ သည်းခြေ, သလိပ်, လေတို့ကြောင့် မဖြစ်မူ၍ အကြွင်း ၃၂-ပါးသော အနာတို့သည်သာ သည်းခြေ, သလိပ်,လေတို့ကြောင့်ဖြစ်ကုန်ရကား သည်းခြေနာ ၃၂-ပါး၊ သလိပ်နာ ၃၂-ပါး၊ လေနာ ၃၂-ပါး၊ ပေါင်း အနာမျိုး ၉၆-ပါးဖြစ်သတည်း။


နခသာ နှင့် အပ္ပမာရော ကို ထည့်လျင် အနာမျိုး ၉၈ ပါးဖြစ်၏။


မှတ်ချက်။

(၁) ပိတ္တ သမုဋ္ဌာနာ- သည်းခြေကြောင့်ဖြစ်ကုန်သောအနာမျိုး။

(၂) သေမှ သမုဋ္ဌာနာ- သလိပ်ကြောင့်ဖြစ်ကုန်သောအနာမျိုး။

(၃) ဝါတ သမုဋ္ဌာနာ လေကြောင့်ဖြစ်ကုန်သောအနာမျိုး။

(၄) သန္နိပါတာ-သည်းခြေ သလိပ် လေသုံးပါးတို့ ပေါင်းစုဖြစ်သောအနာမျိုး၊

(၅) ဥတု ပရိဏာမဇာ- ဥတုဖေါက်ပြန်၍ဖြစ်သောအနာမျိုး၊

(၆) ဝိသမ ပရိဟာရဇာ- ကိုယ်ခန္ဓာကို မညီညွတ် ကျန်းမာရေးနှင့်ဆန့်ကျင်ဘက် ဆောင်ရွက်ခြင်းကြောင့်ဖြစ်သောအနာ၊

(၇) သြပက္ကမိကာ- ထိုးခုတ် သတ်ဖြတ်ခြင်းစသော သူတစ်ပါးတို့လုံ့လကြောင့်ဖြစ်သောအနာ၊

(၈) ကမ္မ ဝိပါကဇာ- ကံကြောင့်ဖြစ်သောအနာ ဝဋ်နာမျိုး၊

(၉) သီတံ- ချမ်းအေးခြင်း၊

(၁၀) ဥဏှံ- ပူလောင်ခြင်း၊

(၁၁) ဇိဃစ္ဆာ- ဆာလောင်ခြင်း၊

(၁၂) ပိပါသာ- မွတ်သိပ်ခြင်း၊

(၁၃) ဥစ္စရော- ကျင်ကြီးစွန့်လိုခြင်း၊

(၁၄) ပဿာဝေါ- ကျင်ငယ်စွန့်လိုခြင်း။

ယင်းတို့ကိုလည်း ဒသအင်္ဂုတ္တိုရ်ပါဠိတော်၌ အနာဟုပင် ဆက်လက်ဖေါ်ပြပေးသေး၏။


ဒသင်္ဂုတ္တရ။ ပါ။ ၃၄၃။ ၎င်း။ ဋ္ဌ။ ၃၁၇-နှင့် မဟာနိဒ္ဒေသ။ ပါ။ ၁၀၊ ၁၃၊ ၃၅၊ ၁၉၅၊ ၂၀၈၊၃၁၉၊ ၎င်းင်း။ ဋ္ဌ။ ၅၁။ တေမိဇာတ် အဋ္ဌကထာ။


*************************


ဝိပတ္တိတရား(၄)ပါး

ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။


(၁) ကာလဝိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ


(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်ရခြင်း


(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း


(၄) ပယောဂဝိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊


***************************


ဗျဿနတရား(၅)ပါး

(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း


(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း


(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း


(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း


*************************


လောကုတ္တရာ တရား ၉ ပါး

မဂ် ၄ ပါး

ဖိုလ် ၄ ပါး

နိဗ္ဗာန်


**************************


ဆယ်ပါးသော တရားတော်

မဂ် ၄ ပါး

ဖိုလ် ၄ ပါး

နိဗ္ဗာန်

ပရိယတ်



**************************



ငရဲကြီး ရှစ်ထပ်

ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော #ငရဲ များဖြစ်ကြသည့်


(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊


(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ဝဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊


(ဂ) အောက်မြေအပြင်မှာ မီးလျှံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊


(ဃ) မီးတောက်တို့သည် တဝုန်းဝုန်း့ ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုဝငရဲ ၊


(င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊


(စ) ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊


(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊


(ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တဝါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲ။


ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ။

78 views0 comments

Recent Posts

See All

ဆုတောင်း အမျှဝေ

ဆုတောင်း၊ အမျှဝေ ဆုတောင်း ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ...

Comentarios


bottom of page